Chapter - 45

2.2K 537 50
                                    

[UNICODE]

ချူယု၏ နားထဲသို့ ပတ်ဝန်းကျင်တစ်ခုလုံး၏ ဆူညံ​သံကဝင်​ရောက်လာပြီး၊ တစ်စုံတစ်​ယောက်က သူ့ကို ​ပွေ့ယူလိုက်သဘ်ကို ခံစားလိုက်ရ၏။ ထို့အတူ လူတစ်​ယောက်၏ ကျယ်​လောင်စွာ ​အော်ဟစ်သံနှင့်အတူ၊ ​ဘေးပါတ်ဝန်းကျင်ရှိ လူများ၏ ဝမ်းသာအားရ 'ညာ' သံ​ပေးလာသံများကို ကြား​နေရ​သည်။

ထိုအသံများ​ကြောင့် ချူယုသည် သူ၏မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်ရာ၊ သူ့မြင်ကွင်း​ရှေ့ရှိ လူများသည် နီးလာလိုက် ​ဝေးလာလိုက်ဖြင့် ဖြစ်​နေပြီး၊မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရပဲ ဖြစ်လို့​နေ၏။

သူ၏မျက်ခွံများသည် အင်မတန်မှ ​​လေးလံ​လို့နေပြီး၊ မျက်လုံးများကို ဖွင့်ကြည့်ဖို့ရာအတွက် မနည်းအားယူ​နေရသည်။ သူသည် တစ်​ယောက်တည်း ​ကောင်း​ကောင်း မတ်တပ်မရပ်နိုင်ပဲ၊ တစ်စုံတစ်​ယောက်၏ အကူအညီကို ယူပြီးမှသာ ​ကောင်း​ကောင်း မတ်တပ်ရပ်နိုင်​ပေ၏။

ထိုအချိန်မှာပဲ သူ့အတွက် အလွန် အင်မတန်မှရင်းနီးလှသည့်၊ ငိုရှိုက်​နေ​သော အမျိုးသမီး တစ်​​ယောက်၏ အသံကို ကြားလိုက်ရသည်။

"​ရှောင်ယု သား၊ အဆင်​ပြေတယ်မလား...၊ မမကြီး ​ရှောင်ယု​ဘေးမှာ ရှိတယ်​နော်...၊ ​ကြောက်စရာမလို​တော့ဘူး သိရဲ့လား...၊ မမကြီးတို့ရဲ့ မိသားစု ဆရာဝန်ကိုလည်း ဖုန်းဆက်​ခေါ်ထားပြီးပြီ၊ မကြာခင်မှာပဲ ဒီကို​ရောက်လာ​တော့မှာ...၊ ပြီးရင် မမကြီးတို့ ​ဆေးရုံကို သွားကြမယ်​နော်..."

ချူယုသည် ပါးစပ်ကိုဖွင့်၍ သူ့မမကြီးအား သူ့ဖို့ရာအတွက်နှင့် မငိုဖို့ ​ပြောလိုက်ချင်​သော်လည်း၊ သူ့အ​နေဖြင့် ယခုအချိန်၌ အင်မတန်မှ အားနည်း​နေလှပြီဖြစ်ရာ၊ ထိုသို့​ပြောလိုက်ဖို့ရာ မတတ်နိုင်ခဲ့​ချေ...။

သို့​သော်လည်း သူဟာ ​ဆေးရုံဆို​သော အသံကို ကြားလိုက်ရရုံဖြင့်၊ အားနည်း​နေသည့်ကြားမှပင် သူ့နှလုံးဟာ ရုတ်တစ်ရက်ကြီး ​စောင့်ခုန်သွားခဲ့သည်။

ချူယုသည် ​မသိစိတ်အ​လျောက် လုရှီး၏ အင်္ကျီစကို ဆုက်ကိုင်လိုက်ရင်း...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now