Chapter - 41

2.2K 541 58
                                    

[UNICODE]

ချူယုသည် အလိုလို​နေရင်းဖြင့်ပင် လုရှီးက စိတ်ဆိုးသွားမှာကို ​ကြောက်ရွံ့​​နေမိသည်​။

ထိုအချိန်တွင်မှာပင် လုရှီးက တစ်ဖန်ပြန်​မေးလာပြန်၏။

"စိတ်​တွေ ရှုတ်နေတာလား...?"

လုရှီး၏​လေသံက သူ့နားထဲသို့ ​ရောက်လာ​သော အချိန်တွင်၊ ချူယုသည် လုရှီးအား ဘယ်လိုပြန်​ဖြေရင် ​ကောင်းမလဲဆိုပြီး အသဲအသန် စဥ်းစား​နေမိ၏။

သို့​ပင်မဲ့ သူဟာ လုရှီးကို ဘယ်လိုနည်းနှင့်မှ လိမ်လို့မရဘူး ဆိုတာကို​တော့ အလိုလို ခံစား​နေမိ​လေသည်။

ဒါပင်မဲ့လည်း သူ့အိမ်မက်ထဲမှာ လုရှီးက မိန်းက​လေး အဝတ်အစား​တွေကို ဝတ်ထားသည့်အပြင်၊ သူ့ရဲ့ အ​ပျော်မယားပါ ဖြစ်​နေပြန်​သေးသည် မဟုတ်ပါလား...၊ လုရှီးက သူ့ကို အ​သေရိုက်သတ်မည် ဆိုလျှင်​တောင်၊ သူဟာ ဒီကိစ္စကို​တော့ ​ပြောပြလိုက်လို့ မဖြစ်​ပေ...။

'ချူယု မင်းဟာ​လေ ​တော်​တော်​လေးကို ပြသနာ ရှာနိုင်တဲ့​ကောင်ပါလားကွာ...'

သူသည် ထိုသို့​တွေးလိုက်ရင်း၊ အထစ်ထစ်အ​ငေါ့​ငေါ့ဖြင့်ပင် လုရှီးကို လိမ်​ပြောဖို့ကြိုးစားလိုက်သည်။

"ငါ... ငါ​မေ့သွားပြီ၊ ဟုတ်တယ် ငါ ​မေ့သွားပြီ...၊ ငါ သတိရ​တော့တာဆိုလို့၊ ကုလားထိုင် တစ်လုံး​ပေါ်မှာထိုင်ပြီး ​ကောင်းကင်ကြီးကို ​မော့ကြည့်​နေတာပဲ သတိရ​တော့တာ...၊ ဘာ အချစ်​ရေး ကိစ္စ​တွေကိုမှ မမှတ်မိ​တော့ဘူး...၊ ပြီး​တော့ ဘယ်ကောင်​လေးကိုမှ မိန်းက​လေး အင်္ကျီမဝတ်ခိုင်းဘူး၊ မိန်းက​လေး အင်္ကျီဝတ်ထားတဲ့ ​ကောင်​လေးကို ရင်ခွင်ထဲ ထည့်ထားတဲ့ အ​ကြောင်းကိုဆိုရင် ပိုလို့​တောင် မမှတ်မိ​​သေးတယ်..."

ချူယုသည် လုရှီး​ ယုံသွား​အောင် အတွက်ဆိုပြီး သူ့ မျက်လုံး​တွေကို အကျယ်ကြီး ပြူးပြလိုက်​သေး၏။ စိတ်ထဲတွင်​တော့...။

' ​ကျေးဇူးပြု၍ လုရှီး သူ့မျက်လုံး​တွေထဲမှာ ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေကို မမြင်​တွေ့ သွားပါ​​စေနဲ့...'

Bite Your Fingertips [Myanmar Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ