[UNICODE]
နောက်တစ်နေ့ မနက်ခင်းစောစောတွင်မူ ကျောင်းရှိတာဝန်ရှိသူများသည် ချူယုတို့ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပက်သက်၍ တစ်ကျောင်းလုံးသိစေရန်အတွက် ကြေငြာချက်ထုတ်ပြန်လိုက်၏။ ကျောင်းသားများကလည်း ထိုကိစ္စကို သိသွားကြသောအခါ တော်တော်များများ တအံ့တသြဖြစ်သွားကြ၏။
ထိုသတင်းနှင့် ပတ်သတ်ပြီး တစ်ချို့ကျောင်းသားများ
ကလည်း တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေကြသည်။"ကွမ်ရိယမ်???၊ ဒီနာမည်ကို ငါရင်းရင်းနှီးနှီး ကြားဖူးသလိုပဲ..."
"ကျောင်းရဲ့ ပန်းပွင့်လေးနဲ့အလောင်းအစား လုပ်တဲ့တစ်ယောက်လေကွာ...၊ ကျောင်းရဲ့ပန်းပွင့်လေးတောင်မှ သူ့ကိုပြောလိုက်သေးတယ်လေ... 'ငါက မင်းလိုရုပ်ဆိုးတဲ့သားမျိုးကို မလိုချင်ဘူးဆိုပြီး' ဟ ဟ၊ ခု အဲ့ကွမ်ရိယမ်က ဒူးထောက်ပြီး အဖေလို့ မခေါ်ချင်တာနဲ့ ဒီလိုတွေဖြစ်ကုန်တာထင်တာပဲ..."
"အေးကွာ... အဲ့ကောင်မို့လို့ မလုပ်သင့်တာတွေ လျှောက်လုပ်တယ်...၊ ငါသာဆို အဲ့လိုတွေ လုပ်ဖို့ တွေးကိုမတွေးရဲပါဘူးကွာ"
အကိုမုန်သည် ချူယုနှင့် ကွမ်ရိယမ်တို့၏ သတင်းကို ကြားခဲ့ပြီဖြစ်ရာ အခန်းထဲသို့ မြှောက်ကြွမြှောက်ကြွဖြင့် ပျော်ရွှင်မြူးတူးစွာ ဝင်လာခဲ့သည်။
"မင်းတို့ သတင်းကြားပြီးကြပြီမလား...?၊ ငါတော့ ပျော်ချက်ကွာ... ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး၊ ကွမ်ရိယမ် အပါအဝင် သူတို့သုံးယောက်လုံး ပက်ပက်စက်စက်ကို အပြောခံနေရတာကွ..."
ကျန်းယဲ့ရှန်သည် မနက်စာ, စားပြီးမှ ကျောင်းခန်းထဲသို့ ဝင်လာခဲ့သည်။ သူသည်လည်းပဲ ချူယုတို့ သတင်းကို ကြားခဲ့ပြီး ဖြစ်၏။
"ဒီကိစ္စကို ပြေရမယ်ဆိုရင် မေးခွန်းစာရွက်တွေ ခိုးတာကနေ စပြောရမှာပဲကွ...၊ ဟိုသတင်းအချက်အလက် ထိန်းသိမ်းရေးဌာနက ဒါရိုက်တာရဲ့သား ရှန်ကျိုးမင်မို့ မကြောက်မရွံ့ကွာ.... သူမို့ ဒီလိုကိစ္စလုပ်ရဲတယ်...၊ အို... အို... အို ဒီလိုသတင်းတွေကြားရဖန်များရင် ငါ့ခေါင်းက ဆံပင်မွှေးတွေတောင် အသက် 30 မတိုင်ခင် ဖြူလာလောက်တယ်"

ESTÁS LEYENDO
Bite Your Fingertips [Myanmar Translation]
FantasíaEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...