Chapter - 17

2.2K 565 29
                                    

[UNICODE]

'ချီးထုပ်ပဲ​... ဘာ​တွေဖြစ်ကုန်ရတာတုန်း...?၊ ဘယ်လိုဖြစ်ပြီး $ ​ရေးမပါတဲ့ အချစ်ဆိုတာကြီးက ဒီ​နေရာမှာပါလာရတာတုန်းဟ?'

​ဝေ့​ကောင်လိုင်၏ လက်ထဲတွင် ကိုင်ထား​သော ဘီယာဘူးသည် ​​အောက်သို့ လွတ်ကျသွားရ​ တော့မတတ် ဖြစ်သွားခဲ့၏။

သို့​ပင်မဲ့ လုရှီးကို ​သူ သေချာဂရုတစိုက် အကဲခတ်ကြည့်လိုက်​​သောအခါ...၊ နားလည်လိုက်တာတစ်ခုက​​တော့... ​သေချာ​ပေါက် အချစ်ဆိုတဲ့အရာ လုံးလုံးကြီး​ မှန်နေတာ မဟုတ်ဘူးဆိုတာပဲ...။

မည်သို့မည်ပုံ အဓိပ္ပါယ်ဖွင့်ဆိုရမလဲ ဆိုတာကို​တောင် မသိ​တော့ဘဲ...၊ ရင်ခုန်တတ်စအရွယ် ​ပေါ်​ပေါက်လာတတ်သည့် အချစ်ဆိုတာ ဖြစ်​နိုင်​လောက်သည်ဟုသာ ​တွေးလိုက်၏။ ပျော်ရွှင်စရာ​ကောင်းတဲ့ အချစ်ခရီးလမ်းများဖြစ်​လာ​လေမလား၊ ဒါမှမဟုတ် အချစ်စစ်တို့၏ ထုံးစံအတိုင်း ပူ​ဆွေးဝမ်းနည်းရမှုများဖြင့် ဖြတ်သန်းရ​သော အချစ်ခရီးလမ်းများ ဖြစ်လာ​လေမလား ဆိုတာက​တော့... သူတစ်ကယ်ကြီးကို မခန့်မှန်းတတ်​ပေ...၊ ယခု ​လော​လောလတ်လတ် လု​ကော၏ မျက်လုံးထဲတွင်​တော့ ​အေးစက်ပြီး နက်​မှောင်​နေသည်ကိုသာ မြင်​နေရသည်။ သူသည် ​ရေရာ တိကျ​သော အ​ဖြေတစ်ခုအား ခန့်မှန်ချင်မိ​သော်လည်း လုရှီး၏ မျက်လုံးထဲတွင် ဘာခံစားချက်ကိုမှ မ​တွေ့ရ​ပေ...။

​ဝေ့​ကောင်လိုင်သည် သူ့ကိုယ်သူ​တောင် ယခုအ​ခြေအ​နေတွင် ဘာဖြစ်သွားသလဲဆိုတာကို မသိ​တော့​ပေ...၊ စကားလုံးများ၏ အဓိပ္ပါယ်ကို ​ကောင်း​ကောင်း စဥ်းစားဖို့​တောင် အချိန်မရ​သေးပဲ ​သူ၏ ခန္ဓါကိုယ်တစ်ခုလုံးသည် အ​ကြောင်းပြချက် ​ရေ​ရေရာရာ မရှိဘဲ ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့ရ၏။

***

လမ်း၏ အခြားတစ်ဖက်ခြမ်းတွင်မူ ချုယုနှင့် ကျုကျစ်​ဖေသည် ဘီယာဘား ​ကောင်တာ​ရှေ့တွင် မတ်တပ်ရပ်​​နေပြီး အန်ကယ်ရန် လုပ်​ပေး​​နေသော ​ရေ​နွေးကြမ်းကို ​ယူရန်အတွက် ​စောင့်​နေကြသည်။

ပထမအစီအစဥ်က​တော့ ရှိ​နေပြီးသားအိုးကိုသာ မပြီး ယူသွားရန်ဖြစ်သည်။ သို့​သော် အန်ကယ်ရန်သည် အိုးအသစ်လုပ်​ပေးပါ့မည် နှစ်မိနစ်လောက်သာ​ စောင့်ပါဟု ​ပြောလာ​သော​ကြောင့် ​စောင့်​နေရ၏။

Bite Your Fingertips [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon