Chapter - 44

2K 540 42
                                    

[UNICODE]

ချူယုသည် သူ၏လက်နှစ်ဖက်လုံးနှင့် ဂူနံရန်၏ ကျောက်​ဆောင်ကို ဂရုတစ်စိုက် ဆုပ်ကိုင်ထားရင်း၊ စမ်းတစ်ဝါးဝါးဖြင့်ပင် ​ ​နောက်သို့ ပြန်ပြီးလမ်း​လျှောက်လာလိုက်သည်။ ထို့​နောက် သူ့ပါးစပ်​နေ၍လည်း စိုးရိမ်ပူပန်​နေ​သော ​လေသံအပြည့်ဖြင့် အဆက်မပြတ် ကျန်းယဲ့ရှန်ကို ​အော်​ခေါ်​နေ​လိုက်၏။

"အတန်း​ခေါင်း​ဆောင် အတန်း​ခေါင်း​ဆောင်၊ မင်း ဘယ်မှာလဲ...?၊ အခု ငါ​ခေါ်​နေတာ ကြားရဲ့လား...၊ ကြားရင်လဲ ပြန်ပြီး​တော့ ထူးအုံး​လေ...၊ ငါအခု မင်းအသံကို ​ကောင်း​ကောင်းကြားနိုင်တဲ့ အ​နေအထားမှာရှိတယ်..."

​ဘေးပါတ်ဝန်းကျင်တစ်ခုလုံးကလည်း ​ပို၍ပင် ​မှောင်မည်းသထက်, မှောင်မည်း​လို့လာခဲ့ရာ၊ ချူယု၏ စိတ်ထဲ၌ တစ်ဖြည်းဖြည်းခြင်း ကြောက်စိတ်များဝင်​လာခဲ့သည်။

မ​ပြော​ကောင်း မဆို​ကောင်း၊ မကြာခင်အချိန်အတွင်းမှာပင်၊ ငါဟာ သရဲဘဝကို ​ရောက်ရ​တော့မှာလားဟုလည်း ​တွေးမိလိုက်​သေး၏။

"ပန်းပွင့်​လေး...၊ ငါ ဒီမှာ"

"Fuck ပဲ၊ ဘာလို့ မင်းက ခုမှ ပြန်ထူးရတာတုန်း"

"ငါကလည်း Fuck ပဲကွ...၊ ငါ ပြန်ထူး​နေတာ... အသံ​တောင် ဝင်​တော့မယ်၊ မင်းဘာသာ မကြားချင်လို့ မကြားတာ..."

"​အော်... မင်းကပဲ ​ပြောရတယ်ရှိ​သေး၊ ငါက​တော့ မင်း တစ်​နေရာရာမှာ ​သေ​​နေပြီ မှတ်တာ"

ချူယုသည် ယခုအခါမှသာ စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်ရင်း၊ သူမတ်တပ်ရပ်​နေ​သော​နေရာ၌ရှိ​သော ​ကျောင်​ဆောင်​ပေါ်သို့ ထိုင်ချလိုက်သည်။

"ငါခု​လေးတင် ဂူ​ပေါက်ဝကိုသွားပြီး၊ ထွက်​​ပေါက်က ​နေ ပြန်ပြီး​တော့ ထွက်လို့ရ​သေးလားဆိုပြီး သွားကြည့်ခဲ့တာ၊ ဒါပင်မဲ့ ထွက်လို့မရ​တော့ဘူး တစ်ခုခုနဲ့ ပိတ်​နေပြီ၊ ငါတို့နှစ်​ယောက်တည်းရဲ့ အားနဲ့​တော့ ပြန်ပြီးဖွင့်လို့ရမယ် မထင်ဘူး..."

ကျန်းယဲ့ရှန်သည် ယခုချိန်ထိ ​ကြောက်စိတ်မ​ပြေ​သေး​သော ​လေသံ​လေးဖြင့် ပြန်​ပြောလာ၏။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora