Chapter - 76

1.4K 222 10
                                    

[Unicode]

Group Chat ထဲ၌ လုရှီး၏ ထူးခြားသော စာအိတ်နီလေးကို မြင်လိုက်ရသောအခါ အုပ်စုတစ်ခုလုံး တိတ်ဆိတ်ကုန်ကြသည်။ မည်သူမှ စာမပို့ကြတော့ပေ။

လီဟွားသည် သူ၏ ဖုန်းကို ကိုင်ထားလျက်၊ ခပ်တိုးတိုး ကျိန်ဆဲလိုက်မိသည်။

"fu*k!!! စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာကွာ!"

ချူယုသည် အနည်းငယ် ရှက်ရွံ့လို့ နေ၏။ သူက ပြောလိုက်သည်။

"ငါ့မျက်နှာကို တစ်ယောက်ယောက် ဖြတ်ရိုက်လိုက်သလား???"

ကျုကျစ်ဖေသည် ရယ်မောလိုက်ပြီး -

"ဟားဟား... ကျောင်းရဲ့ ပန်းပွင့်လေး! ဘယ်သူမှတော့ မင့်မျက်နှာကို ဖြတ်မရိုက်ရဲလောက်ဘူးနော်! မီးပန်းမှန်သွားတာပဲ ဖြစ်လောက်တယ်...!

ချူယု၏ မျက်နှာမှာ နီမြန်းနေ၏။ ထိုအခိုက် လုရှီးက ချူယု၏ ခါးကို လှမ်းဖက်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။

"မင်းမျက်နှာတွေ နီနေပြီ!"

ချူယုမှာ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံး ပျာကျသွားတော့မတတ် ခံစားလိုက်ရသည်။

'ပူလောင်လွန်းတယ်.... ဒါကြီးက တကယ့်ကို ပူလောင်လွန်းတာ...!'

ချူယုသည် နီမြန်နေသော မျက်နှာထားဖြင့် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။ ယခုလိုအချိန်၌ သူ အာရုံလွှဲထားရန် လိုအပ်သည်မှာ အသေအချာပင်။

Group Chat ထဲ၌မူ ရောက်ရာပေါက်ရာကို ပြောဆိုနေကြပြန်၏။ ပြောဆိုတာများလွန်းသဖြင့် Group Chat ၏ notification မှာ မိနစ်အနည်းငယ်အတွင်း 99+ ပင်။

ချူယုသည် Group Chat ထဲမှ သူငယ်ချင်းများ၏ အိမ်စာကူး‌ရေးမည့်အကြောင်းကို ဆွေးနွေးနေကြသော စာများကို ဖတ်ကာ ရုတ်တရက် အသံထွက်၍ ပြောလိုက်မိသည်။

"သူတို့က ဘယ်လိုလူတွေလဲ? အရမ်းကို သတ္တိရှိကြတာပဲ! Group ထဲမှာ ဆရာယဲ့ရှိတယ်ဆိုတာတောင် မသိကြတော့ဘူးလား!"

ထိုစကားကို ကြားသောအခါ လုရှီးသည် ရုတ်တရက် Group ၏ friend list ကို ချူယုအား ဖွင့်ပြလိုက်ကာ -

Bite Your Fingertips [Myanmar Translation]Where stories live. Discover now