Chapter - 47

2.1K 491 54
                                    

[UNICODE]

ချူယုအ​နေဖြင့် အမှန်အတိုင်း ​ပြောရမည်ဆိုပါက၊ လုရှီးသည် မည်သို့​သော အ​ကြောင်း​ကြောင်းများ၊ '​သွေး' ဆို​​သော အရာဖြင့် ပက်သက်လာပါလျှင်၊ ဤကဲ့သို့ တစ်မူထူးဆန်းစွာ ပြုမူ​နေရပါသနည်းဟု​တွေးမိကာ၊ လွန်စွာသိချင်မိပါ၏။

သို့​သော်လည်း လုရှီးက သူ့ကို မ​ပြောပြချင်ဘူးဆိုပါက၊ သူကလည်း အတင်း ​​လိုက်မေး​နေမည် မဟုတ်​ပေ...။

ဒါ​တွေကို အသာထားလိုက်ပါ​လေ...၊ တစ်ခြားလူတစ်​ယောက်၏ ကိုယ်​ရေးကိုယ်တာ ကိစ္စကို အတင်းလိုက်ပြီး စပ်စုမိပါက၊ ဒါက လူ​ကောင်းတစ်​ယောက်၏ အပြုအမူ မဖြစ်နိုင်​ပေ...။ သူသည် ထိုသို့​​တွေးလိုက်ပြီး​နောက်၊ လုရှီးကို စိတ်လှုပ်ရှား​နေဟန်အပြည့်ဖြင့် ​ပြောလိုက်သည်။

"ခု မျက်ရည်အိတ်​ပေါက်စ​လေးက၊ လုလုရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ...၊ ကဲ ခု​တော့ဘယ်လိုလုပ်ကြမလဲ...?"

သူ့အ​နေဖြင့် လုရှီးသည် မိ​ထွေးဖြစ်သူနှင့် အတူမ​နေချင်၍ အိမ်ခွဲ​နေသည်ဆို​သော အ​​ကြောင်းကို၊ သိ​နေရရုံမျှဖြင့် အမှန်တစ်ကယ်ကို ​ပျော်ရွှင်​နေမိသည် ဖြစ်၏။

ထို့​ကြောင့် သူသည် ​ပျော်ရွှင်စွာဖြင့် မျက်လုံးကို ဖွင့်ပြီး ကြည့်လိုက်မိရာ...၊ မီး​ရောင်များ​အောက်တွင် သူ့ကိုစိုက်ကြည့်​နေ​သော လုရှီး၏ မျက်ဝန်းတစ်စုံဖြင့် တည့်တည့်တိုး​လေတော့သည်။

လုရှီသည် သူ၏လက်​ချောင်း​လေးများကသာ ချူယု၏ နှုတ်ခမ်း​ပေါ်သို့ ညှင်သာစွာ ဖွဖွ​လေး ပွတ်သပ်​ပေး​နေ​သော်လည်း၊ ချူယုကို စိုက်ကြည့်​နေ​သော မျက်ဝန်းများထဲတွင်​တော့ ​ဆောင်းရာသီတွင် စားရတတ်​သော ​ရေခဲမုန့်များထက်​တောင်မှ ​အေးစက်စက်ဖြစ်​နေ​ပေ​တော့၏။

ချူယုသည် လုရှီးကို တစ်ချက်မျှ ကြည့်လိုက်ရရုံဖြင့်၊ လုရှီး၏ စိတ်အ​ခြေအ​နေသည် ယခုအချိန်ထိ မ​ကောင်းမွန်​သေးဘူးဆိုတာကို သိလိုက်ရ​ပေ​တော့သည်။

သူသည် လုရှီး၏ အကြည့်များကို မြင်လိုက်ရ​သောအခါ သူတို့ ပထမဆုံးအကြိမ်၊ ဆုံ​တွေ့ခဲစဥ်က အချိန်များကို အမှတ်ရမိ​လိုက်၏။ ထိုစဥ်အခါတုန်းက ​တွေ့ရ​သော လုရှီး၏ ပုံစံနှင့် ယခု လုရှီး၏ ပုံစံမှာ အင်မတန်မှကို ဆင်တူလှ​ပေသည်။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora