Chapter - 54

1.9K 441 66
                                    

[UNICODE]

ရက်ပေါင်းများစွာ မိုးရွာသွန်းပြီးနောက်၊ တစ်ခု
တည်းသော နေ့လယ်ခင်း၌ ရာသီဥတုကြည်လင်
လာပြီး၊ နွေးထွေးသော နေရောင်ခြည်တို့သည် မျက်
စိကို ကျိမ်းစပ်စေလောက်သည်အထိ ပတ်ဝန်းကျင်
တစ်ခုလုံး ဖြာကျလာတော့၏။

သို့သော်လည်း ၎င်းဟာ အုံးမှိုင်းမှိုင်းနေရသည်ထက်
စာလျှင် ပို၍ သက်သောင့်သက်သာ ရှိသွားပုံပင်။
အတန်ထဲရှိ ချူယုမှာ စာအုပ်လေးကိုထောင်လျက်၊
သူ၏ မျက်နှာကို ကွယ်လို့ ထားပြီး၊ အိပ်ချင်မူးတူး
ဖြင့် မေးလေးကို လက်ဖြင့် ထောက်ထားရှာ၏။

သင်္ချာဆရာဟာ အအေးမိလာသဖြင့်၊ သူ၏ အသံ
မှာ ဩရှရှဖြင့်။ သူက အတန်းထဲသို့ ရေခွက်တစ်
ခွက်ကို ကိုင်ကာ ဝင်လာခဲ့ပြီး စတင်၍ ဆိုလာတော့
သည်။

"အတန်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ...ဆရာ စာ
သင်ရင် သည့်ထက်ပိုပြီး တိတ်ဆိတ်သွားမယ်ထင်
တယ်!"

ချူယုမှာ သင်္ချာဆရာ၏ စကားကို အာရုံစိုက်၍
နားထောင်နေသော်လည်း၊ နောက်ဆုံး၌ လုံးဝ မ
ဟန်နိုင်တော့ဘဲ စတင်၍ အိပ်ငိုက်လာတော့သည်။
သူဟာ အိပ်ချင်မူးတူးလေးဖြင့် မျက်လုံးလေးကို ပေကလပ်ပေကလပ် လုပ်၍ဖွင့်လိုက်ပြီး၊ လည်တိုင်
လေးကို စောင်းကာ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်မိလေရာ၊ သူတစ်ယောက်တည်း အိပ်
ငိုက်နေခြင်း မဟုတ်ဘဲ၊ တစ်တန်းလုံး အိပ်ငိုက်နေ
သည်ကို တွေ့လိုက်ရ၏။ အတန်းခေါင်းဆောင် အ
ပါအဝင်၊ ကျောင်းသားအားလုံးသည် စာအုပ်ကို
ကွယ်၍ အိပ်နေကြသည်မှာ ဟောက်သံပင် ထွက်
နေကြလေ၏။ ချူယု၏စိတ်ထဲ အကျေနပ်ကြီး ကျေနပ်သွားသည်။ သူတစ်ယောက်တည်းမဟုတ်၊
အဖော်တွေပါ ရှိသေးသည်မဟုတ်ပါလား။

ရုတ်တရက် သင်္ချာဆရာသည် မေးခွန်းကြီးတစ်ခု
ကို ဖြေဆိုရန် လုရှီးအား ခေါ်လိုက်သဖြင့် ချူယု
မှာ ချက်ချင်းပင် အိပ်ချင်ပြေသွားခဲ့ရပြီး၊ ကိုယ်ကို
မတ်မတ်ထိုင်လိုက်ကာ လုရှီး၏ အသံကို နားစွန့်
နေမိ၏။

'ငါတို့ လုလုလေးရဲ့အသံက၊ နားထောင်လို့ ကောင်း
လိုက်တာ...'

သို့ပေမယ့်လည်း အရေးထဲမှ ဒိန်းထောင်းဖျက်ဆိုသ
လို၊ သင်္ချာဆရာ၏ မေးခွန်းကို လုရှီးဖြေပြီးသည်နှင့်
တပြိုင်နက် လီဟွား၏ဖောင်တိန်သည် ခုံစောင်းပေါ်
သို့ ဒေါက်ခနဲ ကျသွားလေရာ၊ ချူယုမှာ အလိုလိုပင်
မျက်မှောင်တစ်ချက် ကြုတ်လိုက်မိတော့သည်။ ချူ
ယုက ကျန်းယဲ့ရှန် ဘက်သို့ ရုတ်တရက်
လှည့်လိုက်ပြီး ​လေသံ ခပ်တိုးတိုးဖြင့်...။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora