Chapter - 13

2.4K 564 10
                                    

[UNICODE]

​နေ့လည်ခင်း အချိန်ကတည်းက ရွာသွန်း​နေ​သော မိုး​ရေစက်များသည် နာရီ အ​​တော်ကြာ ရွာသွန်းပြီး ​​နောက် ရပ်တန့်သွားခဲ့​ရပေသည်။

မိုး​ရေစက်များ တင်ကျန်​​နေသော ချုံပုတ်​လေး အတွင်းမှ အညို​ရောင် ​ဖား​သေး​သေး ​လေးတစ်​ကောင် ခုန်ထွက်လာခဲ့ပြီး ဟိုတစ်ကွက် ဒီတစ်ကွက် ထင်ကျန်နေသော ဗွက်အိုင်များကို ဖြတ်​​ကျော်ပြီးလျှင် ပန်းပွင့်များ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်​နေ​သော ပန်းခြုံအတွင်းသို့ ခုံဝင် သွားခဲ့​ပေသည်။

ချူယုသည် ​လှေကားထစ်​​​ပေါ်သို့ ထိုင်​နေလျက်ကပင် ​လေတိုက်ရာမှ လွင့်စင်လာခဲ့​သော အညို​ရောင် သစ်ကိုင်း​ခြောက်​လေး တစ်ခက်ကို ​ကောက်ယူလိုက်သည်။ ထို့​နောက် သူသည် ​ခေါင်း​ကို လက်တစ်ဖက်ဖြင့် ​ထောက်​နေလျက်ကပင် ကျန်​သော လက်တစ်ဖက်နှင့် ဗွက်အိုင်ငယ်​လေးအတွင်းသို့ ထိုသစ်​ကိုင်း​ခြောက်​လေးဖြင့် ထိုး​မွှေ​နေ​တော့သည်။

သူဟာ ခုချိန်ထိတိုင်​အောင် အရာအားလုံး ဆုံးရှုံးသွားသလို ခံစား​နေရ​သေး​သော်လည်း ​ကြောက်စိတ်​လေး​တော့ အနည်းငယ် ​​လျှော့နည်းသွားခဲ့သည်။

လုရှီးရဲ့ စကား​တွေကို နား​ထောင်လို့အပြီးမှာ၊ သူ့ရဲ့ ပရမ်းပတာ ဖြစ်​နေတဲ့ စိတ်အ​ခြေအ​နေကို ဟန်ချက်ညီ​အောင် ထိန်းနိုင်သွားခဲ့ပြီဖြစ်သည်။

"ငါ.."

ချူယုသည် အ​လေးအနက်ထားလျက် သူ့ဘက်ကအရင် စကား စ ပြောလိုက်သည်။

"ငါ ခုချိန်က​ စပြီး​​ မငို​တော့ဘူး.."

လုရှီးက သူ့ကို လှည့်ကြည့်လာပြီး ​အေးစက် တည်ကြည်သော အသံနှင့် ​ပြောလာခဲ့သည်။

"ဖြစ်သင့်တာ​ပေါ့"

လမ်း​ဘေးမီးတိုင်မှ အလင်း​ရောင်​ကြောင့် ​မြေပြင်​ပေါ်သို့ ထင်ဟပ်​နေ​သော သူတို့နှစ်​ယောက်၏ အရိပ်ကို မြင်သွား​သောအခါ ချူယုသည် ထိုအရိပ်ကို စူးစိုက်၍ ကြည့်​နေလိုက်သည်။

​လေပြင်းတစ်ချက်ဟာ သူတို့နှစ်​ယောက်ကို တိုက်ခတ်သွား​ခဲ့သော​ကြောင့် အနည်းငယ်မျှ ချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့ရသည်။ ချူယုဟာ တစ်ချက်မျှ တုန်ယင် သွားခဲ့ရပြီး ​ပြောလက်စ စကားကိုဆက်​ပြောလိုက်သည်။

Bite Your Fingertips [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang