Chapter - 68

1.5K 297 16
                                    

[Unicode]

နှစ်သစ်၏ ပထမဆုံးနေ့တွင် ချူယုသည် ထူးထူးခြားခြား အိပ်ရာမှ အစောကြီး နိုးလေ၏။

ချူယုသည် ကုတင်ပေါ်တွင် ပျဉ်ပျဉ်ခွေထိုင်ရင်း သူ၏ မျက်လုံးများကို မဖွင့်ချင်၊ ဖွင့်ချင်ဖြင့် ဖွင်ကာ လုရှီးအား လှုပ်နှိုးလျက်၊ ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်နေခဲ့သည်။

"ချစ်သူလုလု, ထတော့လို့! လူတွေက ပြောကြတယ်...
နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ အိပ်ရာထနောက်ကျရင်၊ အဲ့ဒီနှစ်ရဲ့ နောင်လာမယ့် နေ့တွေတိုင်းမှာလည်း အမြဲတမ်း အိပ်ရာထ နောက်ကျမယ်တဲ့! ချစ်သူလုလုက နေ့တိုင်း အိပ်ရာထ နောက်ကျချင်လို့လား? ဟမ်? ထတော့လို့! အခုထ!"

လုရှီးအား အကြိမ်အနည်းငယ် လှုပ်နှိုးပြီးသည့်အခါတွင် ချူယု၏ လက်ကောက်ဝတ်မှာ လုရှီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး၊ ချူယုမှာ အိပ်ရာထဲသို့ လဲကျသွားလေ၏။

လုရှီးက သူ၏ မျက်လုံးများကို မှိတ်ထားလျက်မှ ပြောသည်။

"ထပ်ပြီး အိပ်အုံး!"

သို့သော် ချုယုသည် အလျော့မပေးဘဲ ဇွဲကောင်းစွာဖြင့် ဆက်ပြောပြန်၏။

"အိပ်ရာထဲမှာ နေတာက နွေးတယ်ဆိုပေမဲ့၊ အခု အိပ်ရာကနေ ထပြီး မနက်စာ စားရအောင်နော်! ချစ်သူလုလု, လုလုရဲ့ ချစ်သူလေးက ကာတွန်းစာအုပ်တွေ ဖတ်ပြီး၊ ချစ်သူလုလုက မေးခွန်းတွေ ဖြေလေ! နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ___"

"ချူယု!"

လုရှီးသည် သူ၏ မျက်လုံးများကို တစ်ဝက်တစ်ပျက်ဖွင့်လျက် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

ချူယုမှာ လုရှီး၏ စကားကြောင့် သူ၏ ပြောလက်စ,စကားကို ရပ်တန့်လိုက်ပြီး၊ လုရှီးက သူ့အား စိတ်ဆိုးသွားပြီဟူ၍ပင် ထင်မှတ်လိုက်မိသည်။

ထိုအကြောင်းကို တွေးရင်း ချူယု၏ စိတ်ထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

သို့သော် မထင်ထားစွာပင် လုရှီးသည် သူ၏ ခေါင်းကို ငုံ့၍ ချူယုအား အနမ်းပေးလာခဲ့သည်။

နှုတ်ခမ်းသားနှစ်ခုဟာ တစ်ခုနှင့် တစ်ခု ခပ်ဖွဖွ ထိကပ်နေလျက်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now