Chapter - 40

2.2K 545 63
                                    

[UNICODE]

ချူယု လုရှီးထံသို့ စာတို​ပေးပို့လာ​သည့် အ​ကြောင်းအရာများမှာ၊ သူ ယခုတစ်​ခေါက် အသစ်​ဆော့သည့် ဂိမ်းမှာ စက္ကန့်နှင့်အမျှ အမှတ်​တွေ တိုးလာသည် ဖြစ်ကြောင်းကို ကြွားဝါ၍ ​ပြောဆိုထားခြင်းဖြစ်သည်။

ထို့​ကြောင့် လုရှီးသည် 'အင်း' ဟုသာ တစ်လုံးတည်း ပြန်၍ ပို့​ပေးလိုက်သည်။

ထို့​နောက် သူသည် လု​ရှောင်ချုရှိရာ Hotel ​၏အခန်းထဲသို့ အရင် ပြန်ဝင်မသွား​သေးပဲ၊ သန့်စင်ခန်းထဲသို့သာ အရင်ဝင်လိုက်၏။ သူသည် လက်များကို ​စနစ်တစ်ကျ သေချာစွာ သုံးကြိမ်တိုင်တိုင် ​​ရေဆေးလိုက်ပြီး​သော အခါမှသာ ၊ တစ်သျူးဖြင့် ​လက်များတွင် ကပ်​နေ​သော ရေများကို ​ပြောင်စင်​အောင် သုပ်​လိုက်လေ၏။ ထိုသို့ ပြုလုပ်ပြီး​သောအခါမှသာ လု​​​ရှောင်ချု ရှိရာ Hotel အခန်းထဲသို့ သွားလိုက်​တော့သည်။

လု​ရှောင်ချုသည် လုရှီးအခန်းထဲသို့ ပြန်ဝင်လာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲမှ ဖုန်းကိုချလိုက်ရင်း ​မေးလိုက်​သည်။

"အပြင်မှာ အကြာကြီး ဘာ​တွေလုပ်​နေတာလဲ...?၊ ဟင်း​တွေ​တောင် ​အေးကုန်ပြီ"

လုရှီးသည် ခုံ​ပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပုံမှန်​လေသံဖြင့်ပင် ​ပြောလိုက်သည်။

"​​လေသာ​​ဆောင် ​ထောင့်နား​လေးက ​​စောင့်ကြည့်ကင်မရာက မှတ်တမ်း​တွေကို၊ တစ်​ယောက်​ယောက်ကို ​ပြောပြီး ဖျက်ခိုင်းပေးလို့ရမလား..."

လု​ရှောင်ချုသည် ​ကောက်ကိုင်လက်စ တူကို ပြန်ချထားလိုက်ရင်း တစ်ခုခုက​တော့ မှား​နေပြီဟု ခံစားမိလိုက်ကာ ​မေးလိုက်၏။

"ဘာကိစ္စဖြစ်လာတာလဲ...?"

"လူတစ်​ယောက်ကို ထိုးကြိတ်လာတာ..."

လု​ရှောင်ချုသည် မျက်လုံးများကို ​မှေးစင်းလိုက်ပြီး​နောက်၊ ​ခေါင်းတစ်ချင် ငြိမ့်လိုက်ရင်း...။

"မှတ်တမ်း​တွေကိုပဲ ဖျက်ပစ်​စေချင်တာလား...?၊ ကျန်တာ​ကော လုပ်​ပေးဖို့ လို​သေးလား...?"

Bite Your Fingertips [Myanmar Translation]Onde histórias criam vida. Descubra agora