Chapter - 77

3.8K 288 31
                                    

[Unicode]

ချူယုသည် လုရှီးမွေးမြူထားသော ငှက်လေးတစ်ကောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

ထိုသတ္တဝါလေးသည် ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပြီး၊ ၎င်း၏ ငှက်မွေးများသည်လည်း ထူထူလေး ဖြစ်ကာ၊ ကြည့်ရသည်မှာ မျက်စိပဒေသာဖြစ်လှ၏။ သို့နှင့် ချူယုသည်လည်း လုရှီးအား မနာလိုအားကျစွာ ထိုငှက်နှင့် မျိုးစိတ်တူသော ငှက်လေးတစ်ကောင်ကို ဝယ်၍ မွေးမြူထားခဲ့သည်။ သို့သော် သူ၏ ငှက်လေးကမူ လုရှီး၏ ငှက်လေးနှင့် မျိုးစိတ်ချင်းတူသော်လည်း၊ သာမန်ထက် အနည်းငယ် သေးငယ်ကာ ပုပုလုံးလုံးလေး ဖြစ်နေ၏။

ချူယုသည် သူ့လက်ပေါ်တွင် လာနားသော ငှက်လေးကို ပွတ်သပ်လိုက်ရင်း၊ သဘောတကျ ပြုံးလို့ နေသည်။

လုရှီးက ချူယု၏ နှစ်လိုဖွယ်ကောင်းသော ပုံသဏ္ဍာန်ကို ကြည့်၍ အမေးစကားပြုလိုက်သည်။

"မင်း အဲ့ဒါကို ထပ်ထိကြည့်ချင်သေးလား?"

ချူယု၏ နှလုံးသားမှာ ရုတ်တရက် အခုန်မြန်လာ၏။

၎င်းက သွေးဆာသည့်အချိန်၊ သူ၏ လည်ချောင်းများ ခြောက်သွေ့ကာ ‌ယားယံလာသည့်အတိုင်းပင်။

ချူယုသည် သူ၏ လက်ချောင်းလေးများကို အသုံးပြုကာ၊ ငှက်နှုတ်သီးလေးကို တယုတယထိကိုင်ကြည့်သည့်အချိန်တွင်၊ ထိုငှက်လေးသည် ချူယု၏ လက်များကြားထဲသို့ ပွတ်သီးပွတ်သပ်နှင့် တိုးဝင်လာခဲ့၏။

ချူယုက ၎င်းအား ကြင်နာစွာ ပွတ်သပ်ပေးမည့်ဆဲဆဲတွင် လုရှီးက ကြားထဲမှ ဖြတ်၍ ၎င်းကို ဆွဲယူလိုက်ကာ လှောင်အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

အခန်းထဲရှိ ပြတင်းတံခါးသည် ပွင့်လျက်သားဖြင့်၊ ဆောင်းလေပြေသည်လည်း တသုန်သုန် တိုက်ခတ်နေကာ၊ မေဟွားပန်းပွင့်တို့၏ မွှေးပျံ့သော သင်းရနံ့လေးကိုပင် သယ်ဆောင်လာလျက်။

ချူယုသည် လုရှီး၏ အောက်ပိုင်းအား ဆက်၍ မကြည့်ရဲတော့ပေ။ အနှီးလူထံ၌ သူ့အား ဆွဲဆောင်နိုင်မည့် သန်မာကျစ်လစ်သော ကြွတ်သားများ ရှိမည်ကို သူ တကယ်သိပါ၏။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Apr 09, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Bite Your Fingertips [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon