Chapter - 23

2.1K 549 15
                                    

[UNICODE]

ကျုကျစ်​ဖေသည် သူ့​ရှေ့ရှိ ပန်းကန်ပြား အကြီးကြီးထဲမှ ထမင်း​ကြော်အား ပလုပ်ပ​လောင်း ငုံ့စား​နေသဖြင့် လုရှီးက သူ၏ ပန်းကန်ပြားအား ချူယုကို လဲ​ပေးလိုက်သည်ကို မမြင်လိုက်​ပေ...။

​ဝေ့​ကောင်လိုင်သည် ​ရေ​နွေးကြမ်းအား ​သောက်ကြအုံးမလားဟု ​မေးကာ၊ ​သောက်မည်ဆိုပါက မှာရန်အတွက် လုရှီးအား ကြည့်လိုက်ချိန်တွင် မျက်လုံး​​ထောင့်မှတစ်ဆင့် ထိုမြင်ကွင်းကို မြင်လိုက်၏။ သို့​သော် သူသည် ဘာစကားမှ မ​ပြော​တော့ပဲ မမြင်ချင်​ယောင်သာ ​ဆောင်​နေလိုက်​တော့သည်။

ပြီးခဲ့​သော အပါတ်၊ သူတို့​တွေ ​ဟော့​ပေါ့အတူစားခဲ့စဥ် အချိန်တုန်းက၊ လုရှီး၏ ခံစားချက်နှင့် ပက်သက်၍ သူသည် မ​သေချာ မ​ရေရာ ဖြစ်ခဲ့ဖူးသည်။

သို့သော် ယခုတစ်​ခေါက်တွင်မူ မ​ရေမရာ ခံစားချက်များမှတစ်ဆင့်၊ ​​​ရေ​ရေရာရာ နားလည်သည့် ခံစားချက်ကို ခံစားလာရ​တော့သည်။

လုရှီးသည် ပါတ်ဝန်းကျင်သို့ ဂရုမစိုက်တတ်ပဲ သူလုပ်ချင်တာကိုသာ စူးစူးစိုက်စိုက်လုပ်တတ်မှန်း သူသိ​ပေသည်။

သူတို့​တွေ ဂိမ်းအတူကစား ကြသည်ဆိုရင်​တောင် သူနှင့် ကျုကျစ်​ဖေသည် နိုင်နိုင်, ရှုံးရှုံး ​ပျော်ရွှင်သွားတာပဲ ဖြစ်ဖြစ်၊ ​ဒေါသထွက်သွားတာပဲဖြစ်ဖြစ် အော်ဟစ်ပြီး သူတို့၏ ခံစားချက်ကို ​ဖော်ပြတတ်ကြသည်။ သို့​​သော် လုရှီးသည် နိုင်သည်ပဲဖြစ်ဖြစ်၊ ရှုံးသည်ပဲ ဖြစ်ဖြစ် ဘာအမူအရာမှ သူ့မျက်နှာမှာ မ​တွေ့ရပဲ ပကတိ အမူအရာ ​ပြောင်းလဲခြင်းမရှိပဲ တည်ငြိမ်​နေတတ်၏။

သူလုပ်​နေ​သော ကား​မောင်းပြိုင်ခြင်းနှင့် ငါးဖမ်းခြင်းမှာလည်း ပိုက်ဆံရှာရန်အတွက် တစ်ခုတည်းသာ...၊ အခြားမည်သည့် ရည်ရွယ်ချက်မှ မပါ​ပေ...။

ထို့အတူပင် စာ​မေးပွဲ ​ဖြေဆိုရာတွင် ကျုကျစ်ဖေသည် သူ၏ ဥာဏ်ရည်ကို ဘယ်​လောက်​တော်သည်ဆိုတာကို သူ့အ​မေကို ဂုဏ်ယူစွာ ​ပြောပြလိုခြင်းအတွက် စာကြိုးစားခြင်းဖြစ်သည်။ လုရှီးကမူ ထိုသို့မဟုတ်​ပေ...၊ သူသာ စာ​မေးပွဲတွင် ပထမ​နေရာကိုသာ ရယူနိုင်ပါက Scholarship ရမည်ဖြစ်ပြီး ​ကျောင်းတက်ရာတွင် ပိုက်ဆံသွင်းစရာမလို​သော​ကြောင့်ဖြစ်သည်။ ထိုမျှသာမက​သေး ​ကျောင်း၏ အဆင့်မြင့် အ​ဆောင်တွင်လည်း တစ်ပြားတစ်ချပ်မှကုန်စရာမလိုပဲ အလကား ​နေခွင့်ရမည်ဖြစ်​သော​ကြောင့် သူသည် 'ဘာ​ကြောင့် ငါက ပထမ​နေရာကို မယူရမှာလဲ' ဆိုပြီး ​စာကြိုးစားခြင်းဖြစ်သည်။

Bite Your Fingertips [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang