Chapter - 43

2.3K 537 58
                                    

[UNICODE]

အစ်ကိုမုန်နှင့် ကျန်းယဲ့ရှန်သည် ယခုတစ်​ခေါက် အားကစားပြိုင်ပွဲတွင် ပထမ​နေရာကို အခန်း (A) မှ၊ ဘယ်နှစ်​ယောက် ရသလဲဆိုပြီး တွက်ချက်​နေကြ၏။

အားကစားပြိုင်ပွဲကျင်းပသည့်၊ တတိယ​မြောက်​နေ့တွင်​တော့၊ အခန်း (A) ၌ ပြိုင်ပွဲဝင်ရန် အားကစားဦး​ရေ များများစားစား မကျန်ရှိ​တော့​ပေ...။ အားကစားပြိုင်ပွဲကလည်း ပြီးဆုံး​တော့မည်ဖြစ်ရာ ပထ​နေရာအား ဘယ်နှစ်​ယောက် ရမလဲဆိုတာကို ခန့်မှန်း၍ တွက်ကြည့်လို့ ရ​ပေသည်။

အစ်ကိုမုန်သည် သူ့လက်ထဲတွင် အများသူငှာ ဖတ်လို့မရနိုင်​လောက်​​သော လက်​ရေးဖြင့်၊ လွန်ခဲ့​သော နှစ်ရက်မှစ၍ ​သူကိုယ်တိုင် ရေးမှတ်ထား​သော၊ မှတ်စုစာရွက်ကို ထုတ်ကာ၊ ဟန်ပါပါဖြင့် ပထမရသည့် လူများစာရင်းကို အသံထွက်၍ ​ရေရွတ်ပြလိုက်​၏။

အမှန်တစ်ကယ်တမ်းတွင်မူ သူကိုယ်တိုင်၌ကပင်၊ သူ ဘာသူ​ ရေးထား​သော လက်​ရေးကို ပြန်မဖတ်တတ်ပဲ ဖြစ်​​နေရာ...၊ သူ့ဦး​နှောက်မှတ်ဥာဏ်ကိုသာ အားကိုး၍ ​အော်ဟစ်ပြ​နေရခြင်း ဖြစ်သည်။

"​​ယောကျာ်း​လေးအုပ်စု မီတာ 100 ပြိုင်ပွဲမှာ ငါတို့အခန်းက ဝင်​ရောက်ယှဥ်ပြိုင်တဲ့သူက ဒုတိယ၊ မိန်းက​လေး အုပ်စု မီတာ 50 အ​ပြေးပြိုင်ပွဲမှာ ငါတို့အခန်းက ဝင်ပြိုင်တဲ့သူက ပထမ၊ တင်းနစ်ပြိုင်ပွဲ မှာ​တော့ ငါတို့အခန်းက ဒုတိယ၊ ပြီး​တော့ ​ပြေးခုန်ပစ် ပြိုင်ပွဲ အဲ့ပြိုင်ပွဲမှာကြ​တော့ ငါတို့အခန်းက တတိယရပါတယ်"

အစ်ကိုမုန်သည် တစ်​ယောက်ခြင်းဆီ၏ အဆင့်အား ​ရေရွတ်ပြ​နေပြီး​နောက်...၊ သူ​ပြောသမျှကို စာရွက်ထဲတွင် တစ်လုံးမကျန် လိုက်မှတ်​နေ​သော ကျန်းယဲ့ရှန်ကို ငုံ့ကြည့်ကာ ​မေးလိုက်၏။

"အတန်း​​ခေါင်း​ဆောင် ငါတို့အခန်းက၊ တစ်ခြားအခန်း​ကလူတွေထက်၊ ပျမ်းမျှအားဖြင့် ပထမ​နေရာကို ရတဲ့လူ အ​ရေအတွက်က ပိုများတာ ဖြစ်နိုင်​လောက်လား...?"

ကျန်းယဲ့ရှန်သည် သူ့အား ငုံ့ကြည့်​နေ​​သော အစ်ကိုမုန်၏ မျက်နှာကို လက်ဖြင့် တွန်းဖယ်လိုက်ပြီး​နောက်၊ စိတ်ဆိုးမာန်ဆိုးဖြင့် ​ပြောလိုက်သည်။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora