Chapter - 75

1.6K 238 15
                                    

[Unicode]

ချူယုသည် ရုတ်တရက် ဖန်လုံအိမ်လေးထဲတွင် လုရှီး၏ သွေးကို စတင်၍ အငမ်းမရ သုံးဆောင်ခဲ့သည့် နေ့တစ်နေ့ကို ပြန်အမှတ်ရလိုက်မိသည်။

ထိုနေ့တုန်းက မိုးများသည် ကြောင်မြီးပန်းများကဲ့သို့ တဖွဲဖွဲ ကျဆင်နေလျက်။

ယခုအခါ၌ သူသည် လုရှီး၏ ပခုံးသားအား သွားလေးနှင့် ငုံခဲထားပြီး၊ ကိုက်ရန်အတွက် ချီတုံချတုံ ဖြစ်နေလေ၏။

လုရှီးက ခပ်တိုးတိုး ဆိုသည်။

"လိမ္မာစမ်းပါ... ကိုယ့်ကို ကိုက်ချလိုက်လို့ ရတယ်..."

ချူယု၏ မှတ်ဉာဏ်ထဲရှိ ပထမအကြိမ်သွေးစုပ်စဉ်က ရရှိခဲ့သော ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုများသည် လုရှီး၏ ပခုံးသားအား ယခုလို အားထည့်၍ ကိုက်ချလိုက်သည့်အချိန်တွင် ပြန်လည် အသက်ဝင်လာတော့၏။

ပူပူနွေးနွေး သွေးစက်တို့သည် ချူယု၏ လျှာဖျားမှတစ်ဆင့် ကျောရိုးဆီသို့ တဖြည်းဖြည်း စိမ့်ဝင်သွားလျက်။ ချူယုမှာ သာယာမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်လာကာ မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။

သူသည် လုရှီး၏ ပခုံးသားလေးထဲမှ သူ၏ သွားစွယ်သေးသေးလေးများကို ပြန်နှုတ်ရန်အတွက် ချီတုံချတုံပင် ဖြစ်နေမိသည်။

လုရှီးသည်လည်း ကျောရိုးမရှိတော့သကဲ့သို့ ပျော့ခွေနေသော ချူယုအား သူ၏ ရင်ခွင်ထဲတွင် အလိုက်သင့်လေး ပွေ့ဖက်ထားရင်း၊ နံရံကို သက်သက်သာသာ မှီနေခဲ့သည်။

ချူယု၏ အမြင်အာရုံသည် စိတ်ထွေပြားနေမှုကြောင့် သိပ်မရှင်းလင်သေးချေ။ သူသည် လုရှီး၏ အင်္ကျီစလေးကိုသာ ခပ်ဖွဖွ ဆုပ်ကိုင်ထားလျက်၊ လုရှီး၏ အမည်အား ခပ်တိုးတိုး ခေါ်ညည်းနေခဲ့၏။

ချူယု၏ မျက်နှာအမူအရာအပါအဝင်၊ အသံနှင့် လှုပ်ရှားမှုဟူသမျှသည် ချူယုအနေဖြင့် လုရှီးအား အလုံးစုံ မှီခိုနေကြောင်းကို မကွယ်ဝှက်တမ်း လှစ်ဟပြနေလျက်။

လုရှီးသည် ထိုအချင်းအရာအား အလွန်သဘောကျသည်။
သူ့အနေဖြင့် ချူယုထံမှ ထိုကဲ့သို့ မှီတွယ်မှုအား ရရှိခြင်းသည် သူ့ဘဝ၏ ဆေးတစ်ခွက်ကဲ့သို့ပင်။

Bite Your Fingertips [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin