[UNICODE]
ချူယုနှင့် လုရှီးသည် ကျောင်းအတွင်းသို့၊ အုတ်တံတိုင်းမှ ကျော်ပြီးဝင်ရန်အတွက်၊ ပြင်ဆင်လိုက်ကြသည်။
မိုးရွာထားသဖြင့်၊ အုတ်တံတိုင်းက အနည်းငယ် ချောနေ၏။
ချူယုသည် ခက်ခက်ခဲခဲဖြင့်၊ သူ၏ လက်နှစ်ဖက်ကို အသုံးပြုကာ၊ အုတ်တံတိုင်းပေါ်သို့ တွယ်ကပ်ပြီး၊ တက်လိုက်သည်။ အုတ်တံပေါ်သို့ ရောက်သောအခါ၊ အောက်ကိုငုံ့ကြည့်လိုက်ရင်း၊ မြေပြင်က စိုစွတ်နေသည်ကို တွေ့သောအခါ၊ စိတ်ရှုတ်ထွေးစွာဖြင့်၊ လုရှီးကို ပြောလိုက်သည်။
"လုလု၊ လုလုပြောကြည့်ပါအုံး၊ တစ်ကယ်လို့ မျက်ရည်အိတ်ပေါက်စလေးက၊ မြေပြင်ပေါ်ကို ခုန်ချလိုက်ပြီပဲ ဆိုကြပါစို့၊ မြေပြင်ပေါ်က ရွံ့တွေက မျက်ရည်အိတ်ပေါက်စလေးကို၊ လာစင်ပြီး၊ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်မ,သွားလောက်ဖူးလားလို့!"
ဆယ်စက္ကန့်ပင် မကြာလိုက်ချေ...၊ ချူယုသည် ပွတ်တွတ် ပွတ်တွတ် ရေရွတ်နေရင်းဖြင့်ပင်၊ အုတ်တံတိုင်းပေါ်မှ ခုန်ချလိုက်သောအခါ၊ သူထင်ထားသည့်ထက် ဆိုစွားစွာပင်၊ ရွှံဗွက်ရည်တွေက သူ့မျက်နှာပေါ်သို့ လာစင်ကြပေရာ၊ တစ်ကယ်ကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေတော့၏။
သူ,မဖြစ်ချင်ဆုံး အရာတစ်ခုက၊ ဖြစ်လာသောအခါ၊ ချူယုသည် မြေပြင်ပေါ်သို့ ဆောင်ကြောင့် ထိုင်ချလိုက်ပြီး၊ ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။
"ကဲ...၊ ခုတော့ ရုက်ပျက် ဆင်းပျက်ကြီး၊ ဖြစ်သွားပြီ၊ ဘယ်လိုလုပ်မလဲ...?၊ ခုချိန်ကြမှ လုလုအိမ်ကို ပြန်ပြီး အိပ်ရင်လဲ၊ အရမ်းကို နောက်ကျနေပြီ..."
အမှန်တစ်ကယ်က လုရှီးသည် အစောပိုင်း အချိန်တုန်းက၊ သူ့အား ယခုအချိန်က၊ အရမ်းကို နောက်ကျနေပြီဖြစ်သဖြင့်၊ ကျောင်းသို့ မပြန်ပဲ၊ ကျင်ချွမ်လမ်းပေါ်က သူ၏ အိမ်တွင် အိပ်လိုက်ပြီး၊ မနက်ရောက်မှ စောစောထကာ၊ ကျောင်းသို့ ပြန်လာရန် ပြောကြည့်သေး၏။
သူက ယခုလို အချိန်တွင်၊ လုရှီးနှင့်အတူ ကုတင် တစ်ခုတည်း၊ အိပ်ဖို့ မဝံ့ရဲသဖြင့်၊ ကျောင်းကိုသာ ပြန်လာမယ်ဆိုပြီး၊ သူကိုယ်တိုင်က,ကိုက၊ ပြောခဲ့တာဖြစ်သည်။
ŞİMDİ OKUDUĞUN
Bite Your Fingertips [Myanmar Translation]
FantastikEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...