Chapter - 21

2.3K 556 33
                                    

[UNICODE]

ချူယု၏သတင်းသည် နောက်ထပ်တစ်ကြိမ် ထပ်ပြီးကျော်ကြားလာခဲ့ပြန်သည်။

နောက်တစ်နေ့ မနက်ခင်း စောစောတွင်မူ အထက်တန်း ဒုတိယနှစ် အခန်း (A) ၏၊ အခန်းတံခါးများဖြစ်ကြသည့် ရှေ့တံခါးပေါက်၊ နောက်တံခါးပေါက်နှင့် ပြတင်းတံခါးပေါက်များတွင် တပ်ဆင်ထားသော မှန်များမှတစ်ဆင့်၊ ကျန်ရင် ကိုယ်ပိုင်ကျောင်းရှိ ကျောင်းသားများအားလုံးသည် ချူယုအား စိတ်ဝင်တစားလာရောက်ပြီး ကြည့်ကြလေသည်။

အထူးသဖြင့် ကျောင်းသား ကျောင်းသူ အသစ်များဖြစ်ကြသည့် အထက်တန်း ပထမနှစ် တက်ရောက်နေကြသူများသည်၊ ကျန်ရင်ကိုယ်ပိုင်ကျောင်းရဲ့ပန်းပွင့်လေးက မည်သို့ မည်ပုံ ချောလှလိုက်လေသနည်းဆိုပြီး စိတ်ဝင်တစားဖြင့် လာကြည့်ကြခြင်းက ပိုများ၏။

ချူယုသည် ယခုအချိန်တွင် အင်မတိ အင်မတန်ကို စိတ်ညစ်နေပြီဖြစ်၏။

မနေ့က သူ့အား QQ အကောင့်လာတောင်းသော မိန်းကလေးသည်၊ ချူယုက သူမအား ငြင်းပယ်လိုက်သည့် အကြောင်းပြချက်ကို ကြားလိုက်ရသောအခါ သူမက သူ့အား စိုးရိမ်နေသော လေသံဖြင့် မေးလာခဲ့လေ၏။

"ဒါဆိုရင် နင့်စိတ်ထဲမှာကော ငါက လှတယ်လို့ ထင်လားဟင်...?"

ချူယုက ခေါင်းကို ညိမ့်လိုက်ပြီး အမှန်အတိုင်း ပြန်ဖြေခဲ့မိသည်။

"လှပါတယ်...၊ ဒါပေမဲ့ မင်းက ငါ့လောက်တော့ ကြည့်မကောင်းဘူး"

သူက အမှန်တရား တစ်ခုအား ပြောပြလိုက်ခြင်းသာ...။

ထိုမိန်းကလေးသည် တစ်ကယ်ကိုပင် လှလှပပလေး ကြီးပြင်းလာခဲ့ပါသည်။ သို့သော် သူမသည် သူ့ထက် မဆိုစလောက် ကလေး ပိန်းပါးနေသေး၏။

သူ၏ အဖြေကို ကြားသွားသောအခါ ထိုမိန်းကလေးသည် သူမကိုယ်သူမ အားတင်းကာ စိတ်သက်သာရာ ရသွားအောင် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ချူယုအား ပြောလာခဲ့သည်။

"အဲ့တော့ အဓိက အကြောင်းအရင်းက ငါက နင့်လောက် မချောလို့ နင်က ငါ့ကို ပြန်မကြိုက်နိုင်တာပေါ့ အဲ့လိုလား...၊ ကျေးဇူးတင်ပါတယ် ငါ့ကို ပြန်မကြိုက်နိုင်တာကို ရိုင်းရိုင်းစိုင်းစိုင်း မငြင်းလိုက်ပဲနဲ့ အခုလို အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်ကိုသုံးပြီး ငြင်းပေးလို့၊ ငါ့ရှေ့ဆက်ပြီး နင့်ကို မေ့နိုင်အောင် ကြိုးစားပါ့မယ်"

Bite Your Fingertips [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang