[UNICODE]
ချူယုအခန်းထဲသို့ ရောက်လာသောအချိန်သည် စောလွန်းလှသဖြင့်၊ လီဟွားတောင် မရောက်သေးဘဲ... ခုံတော်တော်များများသည် နေရာလွတ်နေ၏။
ကျန်းယဲ့ရှန်သည် တရုတ်စာ ဘာသာရပ်၏ ကဗျာများကို နံရန်ပေါ်သို့ လိုက်ကပ်နေသောအချိန်တွင်၊ ချူယုသည် အခန်းတံခါးမှ လှမ်းဝင်လာသည်ကို မြင်လိုက်သောအခါ မျက်ခုံးတစ်ချက်ကိုပင့်၍ နှုတ်ဆက်လိုက်သည်။
"ဝါး... အစောကြီးပါလားဟ...၊ မနေ့ညက ငါတို့ပေးထားတဲ့ မေးခွန်းစာရွက်တွေကများလို့ နားမလည်တာတွေများပြီး... စာမေးမလို့ အစောကြီးလာတာလား..?"
ချူယုသည် မနေ့ညတုန်းက နောက်ကျမှ အိပ်ယာဝင်သော်လည်း၊ စိတ်တွေက လန်းဆန်းလို့နေကာ ကျန်းယဲ့ရှန်ကို လက်ကိုဝှေ့ယမ်းပြလိုက်ပြီး...။
"ဟေး... ငါတို့ရဲ့အတန်းခေါင်းဆောင်ကြီး၊ ငါ အခန်းထဲကိုအစောကြီးရောက်လာလို့ လန့်သွားတာလား?"
ကျန်းယဲ့ရှန်သည် လုပ်လက်စအလုပ်များကို လုပ်နေလျက်ကပင် ခေါင်းကို နောက်ပြန်လှည့်ကြည့်လာပြီး၊ ချူယုက ကျောပိုးအိတ်ကို ခုံပေါ်သို့တင်နေသည်ကို ကြည့်နေလိုက်ရင်းဖြင့်...။
"လန့်သင့်ရင်လဲ လန့်ရမှာပဲကွ၊ ငါတို့ကျောင်းရဲ့ ပန်းပွင့်လေးက ဒီနေ့ကျမှ ထူးထူးခြားခြား ကျောင်းကိုအစောကြီး ရောက်လာတာမလား... ဟား ဟား"
"ဘာလို့ငါ အစောကြီး ကျောင်းကို လာရသလဲ မင်းသိလား...? ခုချိန်ကစပြီး ငါက စာကို အပြင်းအထန် ကြိုးစားတော့မလို့လေ..."
ထိုသို့ပြောနေရင်းဖြင့် ချူယုသည် သူ၏ ထိုင်ခုံကို တစ်သျူးဖြင့် သုတ်လိုက်သည်။ ထို့နောက် သူ၏ ကျောပိုးအိတ်ထဲမှ တစ်ကူးတစ်က မှာထားရသော ရောင်စုံ ဘောပင်လေးများကို ထုတ်ယူလိုက်ရင်း ပိတိဖြစ်စွာ ကြည့်နေလိုက်၏။
သူ၏ကျောပိုးအိတ်သည် တကယ့်ရတနာသောတ္တာလေးတစ်လုံးပင်ဖြစ်လေသည်။ ထိုအထဲတွင် ပေတံ၊ ခဲတံ၊ စက်ဝိုင်းကဒ်၊ ရောင်စုံမှတ်စု၊ Highlighter၊ အဝေးကြည့်မှန်ပြောင်း၊ အခြားဗုစုခရု... အစရှိသဖြင့် စုံလင်အောင် ထည့်ထားလို့ရပေသည်။
KAMU SEDANG MEMBACA
Bite Your Fingertips [Myanmar Translation]
FantasiEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...