Chapter - 58

1.6K 425 18
                                    

[UNICODE]

လုရှီးက သူ၏ လက်​ကောက်ဝတ်ကို၊ ယခုအချိန်ထိ ပွတ်သပ်​နေဆဲဖြစ်သဖြင့်၊ ချူယု၏ စိတ်ထဲတွင်၊ အ​ကြောင်းအရင်း မရှိရပါပဲ၊ ယားကျိကျိ ဖြစ်လာခဲ့​ပေ၏။

ယခုအချိန်တွင် သူသည် လုရှီး၏ ခံစားချက်ကို၊ ​ကောင်း​ကောင်းကြီးကို၊ နားလည်​​​ပေသည်။

လုရှီးက သူ့ကို '​ကြောက်​နေလား' ဆိုပြီး​မေ​နေ​ပေမဲ့၊ သူအထင်​ပြောရပါရင်၊ လုရှီးက သူ့ထက်​တောင် ပို၍ ​ကြောက်ရွံ့​နေဟန်ရ၏။

လူ​တွေအမြင်မှာ သန်မာပြီး၊ လူ​တွေနှင့် သိပ်ပြီး ​​ရော​ရော​နှော​နှော မ​နေတတ်သည့်၊ စိတ်ဓါတ် မာ​ကျောပုံရ​သော လုရှီးသည်၊ သူ့ထက် လူ​တွေကို ပိုပြီး ​ကြောက်​နေ​ရှာပေသည်။

ယခု သူ့​ရှေ့တွင် ထိုင်​နေ​သော လုရှီးသည်၊ သိပ်ကို နုတယ်ပြီး၊ သနားချင်စဖွယ် ​ကောင်းလှ​​ပေ၏။

ဖြစ်နိုင်ရင် 'အဲ့ လူ​တွေကို၊ ဘာ​ကြောင့် ​ကြောက်​နေရမှာလဲ...?၊ မ​ကြောက်ပါနဲ့'ဆိုပြီး၊ နှစ်သိမ့်​ပေးချင်မိ​​သော်လည်း၊ သူထိုသို့ မလုပ်ရက်​ပေ...။

ယခုအချိန်တွင် လုရှီး၏ မျက်ဝန်းများ အတွင်း၌၊ မလိုမုန်းတီးမှုများဖြင့်၊ ပြည့်နှက်​နေ​လေ​တော့၏။

သို့​သော် ဘယ်လိုပဲ အမုန်းတရားဖြင့်၊ ပြည့်နှက်​နေ​သော၊ လူဖြစ်ပါ​စေ၊ ယခု သူ့​ရှေ့က သည်လူသားကို ချစ်​နေမိပြီ ဖြစ်သည်။

မှန်​​ပေ၏, သူ လုရှီးကို ချစ်​ပေ၏။

ဒါဟာ အရာရာတိုင်းအတွက် မှီခိုအားထားချင်ယုံ သက်သက်မဟုတ်ပဲ၊ သူ့နှလုံးသား တစ်စုံလုံး ပုံအပ်၍ ချစ်မိ​​နေခြင်းသာ ဖြစ်​ပေသည်။

သူသည် လုရှီးကို ကြည့်၍၊ လုရှီးကို ချစ်မိ​နေသည့် အ​ကြောင်း၊ ​တွေးမိရုံဖြင့်ပင်၊ နှလုံးတစ်စုံလုံး၊ ရင်ခုန်သံ​တွေ မြန်လာခဲ့ကာ၊ ခန္ဓါကိုယ် တစ်ခုလုံး၊ မီးမြှိုက် ခံရသည့် အလား၊ ပူ​လောင် လာခဲ့၏။

ချူယုသည် ယခုအ​ခြေအ​နေမှ၊ ရုန်းထွက်ရန်အတွက်၊ သူ၏ အကြည့်​တွေကို လွဲလိုက်ရင်း၊ လုရှီးကို အထစ်ထစ်အ​ငေါ့​​ပေါ့ ​ပြောလိုက်သည်။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora