[UNICODE]
အခန်းတံခါးဝဆီမှ တစ်ဒုန်းဒုန်း ထုရိုက်သံကြောင့် ချူယုသည် အိပ်နေရာမှ နိုးလာခဲ့သည်။ ဆူညံလွန်းသောအသံကြောင့် ချူယုသည်၊ ပါးစပ်မှနေပြီး အနည်းငယ်လောက် ပွစိပွစိပြောလိုက်ပြီးနောက်၊ ဘေးနားတွင်ရှိသော လူ၏ လက်မောင်းကြားထဲသို့၊ ခေါင်းလေးတိုးဝှေ့ပြီး၊ ပြန်လည် အိပ်လိုက်၏။
အပြင်မှာ ရှိသော လူကလည်း၊ ဇွဲမလျော့ပေ တံခါးကို တစ်ဒုန်းဒုန်း ထုရိုက်နေလျှက်ဖြင့်၊ ပါးစပ်ကလည်း အကျယ်ကြီး၊ အော်ခေါ်နေပြန်သေးသည်။
"လုကော...၊ လုကော တံခါးဖွင့်၊ ချည်ငံစပ် ငါးဟင်းချို ပါလာတယ်...၊ လုကော... လုကော...!!!"
ချူယုသည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့်၊ အပြင်ဘက်မှ လူ၏ အော်ခံသံကြောင့်၊ အံ့သွားခဲ့၏။
'ဘယ့်နှယ့် ငါနာမည်မှာ လု ဖြင့်တစ်လုံးမှ မပါပဲနဲ့၊ အပြင်ဘက်က လူက ဘာလို့ လုကောလို့ လာခေါ်နေရတာတုန်း...'
သူသည် အိပ်မှုန်စုံဖွားဖြင့်၊ မျက်လုံးကို မနည်းကြိုးစားပြီး ဖွင့်ကြည့်လိုက်ရာ၊ သူဟာ လူတစ်ယောက်၏ လက်မောင်းကို ခေါင်းခု၍၊ ထိုလူ၏ ရင်ခွင်အတွင်း၌ အိပ်ပျော်နေသည်ကို သိရှိလိုက်ရတော့သည်။
သူ၏ မျက်လုံးများဟာဆိုရင် လုရှီး၏ ပုခုံးနှင့် တစ်တန်းတည်း ဖြစ်နေသောကြောင့်၊ မျက်လုံးဖွင့်ဖွင့်ခြင်းအင်္ကျီကော်လံ အဟကြားမှ၊ လုရှီး၏ ညှပ်ရိုးများကို တန်း၍ မြင်နေရပေသည်။
ထိုညှပ်ရိုးများကို ကြည့်နေရင်း၊ ချူယုသည် မနက်စောစောစီးစီးကြီး၊ ရင်ခုန်လာသည့် သူ့စိတ်ကိုသူ ထိန်းချုပ်ဖို့ ကြိုးစားရင်း၊ တံတွေး တစ်ချက်မျိုချလိုက်ကာ၊ လုရှီးကို ခေါ်လိုက်၏။
"ချစ်သူလုလု..."
ချူယု၏ 'ချစ်သူလုလု'ဆိုသော၊ အခေါ်အဝေါကြောင့် လုရှီးသည် ခပ်တိုးတိုးလေး ရီမိသွားပြီး၊ သူ၏လက်လေးဖြင့် ချူယု၏ နောက်ကျောကို ခပ်ဖွဖွလေး ပွတ်သပ်ပေးရင်း ပြန်ဖြေလိုက်သည်။
CZYTASZ
Bite Your Fingertips [Myanmar Translation]
FantasyEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...