[UNICODE]
"ဆရာတို့အခန်းက အမှတ်စဥ်အလိုက် အတော်ဆုံးကျောင်းသား 42 ယောက်နဲ့ဖွဲ့စည်းထားတာ ဒါကြောင်မို့ ပင်မကျောင်းက ကျောင်းသားတွေရော ကျောင်းခွဲက ကျောင်းသားတွေကောပါလာကြပြီ၊ အရင်ကမသိခဲ့ရင်တောင်မှ ခုချိန်ကစပြီး မိသားစု စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းသွားကြဟုတ်ပြီလား..."
သူတို့၏ အတန်းပိုင်ဆရာဟာ စကားအရှည်ကြီး ပြောရသည်ကို ချစ်ခင်နှစ်သက် စွဲလမ်းပုံရပြီး စင်မြှင့်ပေါ်တွင်ရပ်လျက် အဆက်မပြတ် မှာတမ်းချွေနေတော့သည်။ ကျောင်းသားအများစုကလဲ ခုံအောက်တွင် ဖုန်းကိုဖွက်လျက် အချင်းချင်း ဖုန်းဖြင့် ဆက်သွယ်ပြီး Group Chat ထဲမှနေပြီး စကားပြောဆိုနေကြတော့သည်။
'လုရှန်နှင့် ကျောင်းရဲ့ပန်းပွင့်လေး ချူ တို့က စတွေကတည်းက ပြိုင်ဘက်တွေ ဖြစ်နေကြပြီ ဘယ်တော့မှ အဆင်ပြေနိုင်ကြမယ်မထင်ဘူး'
ထိုသို့သောသတင်းစကားသည် အလေ့ကျပေါက်နေသောအဝါရောင်ပန်းပွင့်ကလေးက လေနှင့်အတူ လေတိုက်ရာအရပ် မျောပါသွားသကဲ့သို့ တဟုန်ထိုး အခန်း A မှစပြီး ဒုတိယနှစ် တစ်တန်းလုံးသို့ ပျံ့နှံ့သွားပေတော့သည်။ ဒါတွင်မကသေးပေ ကျောင်းတစ်ကျောင်းလုံးကိုသာမက ကျောင်း၏
ဂိတ်ပေါက်တွင် စောင့်နေသော လုံခြုံရေးက အစ သန့်ရှင်းရေးဝန်ထမ်းပါ မကျန် ထိုသတင်းကို အကုန်လုံးသိသွားကြလေတော့သည်။အခန်း A ဟာဆိုရင်ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ကိုသာ ကျင့်သုံးလျက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စကားများကို စတင်ပြောဆိုနေကြသည်။
အခန်းတံခါးပေါက်ဝနားမှာ ထိုင်နေသော ကျောင်းသားမှစပြီး အစဥ်လိုက် တစ်ယောက်ချင်းဆီ ကိုယ့်ကိုကိုယ် မိတ်ဆက်စကားပြောနေကြပြီး တစ်စုံတစ်ယောက်က အဖွဲ့အစည်း တစ်ခုထဲသို့ ဝင်ရောက်ချင်ပါက သူတို့၏လုပ်နိုင်စွမ်းကိုပါ ထည့်သွင်းပြီး မိတ်ဆက်တတ်ကြသည်။
ချူယုဟာ သူ့ရဲ့မျက်လုံးများကိုမှိတ်ထားပြီး လက်မောင်းကို ခေါင်ခုလျက် အိပ်နေတော့သည်။ မိတ်ဆက်စကားပြောဖို့ရာအတွက် သူ့အလှည့်ရောက်ဖို့ရာ သူနှင့်ဝေးနေသေးသည်ဆိုတာကိုတော့ သူ၏နားမှ ကြားရသော အသံတွေမှတစ်ဆင့် ဆုံးဖြတ်လို့ရလေသည်။
ESTÁS LEYENDO
Bite Your Fingertips [Myanmar Translation]
FantasíaEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...