Chapter - 50

1.8K 477 51
                                    

[Unicode]

"ကိုယ့်လက်တွေ အရမ်းညစ်ပတ်နေတယ်...မင်းသာ လျှက်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ..."

ချူယုသည်ကား အိပ်ယာပေါ်တွင် လဲလျောင်းနေ
လျက်မှ၊ ရုပ်ပြကာတွန်းစာအုပ်နှင့် ဂိမ်းဆော့စရာ
စက်ကို အဝေးသို့ ပစ်လိုက်မိပြီး၊ ဖုန်းကို မသိလိုက်
မသိဘာသာပင် အထက်အောက် လှုပ်ခါကြည့်လိုက်
မိသည်။

'မဟုတ်သေးဘူး...လုလုရဲ့အခြေအနေက တစ်ခုခု
တော့ မှားနေပြီ...'

ချူယုသည် ဖုန်းထဲမှ ကြားနေရသော လုရှီး၏အသံ
ကို ထပ်ခါတလဲလဲ ပြန်စဉ်းစားနေမိပြီး၊ သူဟာ ထို
အကြောင်းကို ပိုစဉ်းစားလေလေ၊ လုရှီးအား ပို၍
စိုးရိမ်လာလေလေ ဖြစ်နေ‌တော့သည်။ သို့နှင့် ချူယု
သည် အငြိမ်ထိုင်မနေနိုင်ဘဲ၊ ချက်ချင်း မတ်တတ်ထ
ရပ်ကာ ခြေဗလာနှင့် ပြေးထွက်လာခဲ့လိုက်လေတော့၏။

တစ်ဖက်၌ လုရှီးသည် နီရဲနေသော လက်နှစ်ဖက်နှင့်
အတူ ရေချိုးခန်းထဲမှ ထွက်လာပြီး၊ သူ၏ အကျင့်
အတိုင်း ဘောင်းဘီအိတ်ထဲတွင် လက်များကိုထည့်
၍ ဧည့်ခန်းအပြင်သို့ ထွက်လာခဲ့သည်။

သို့သော်လည်း ဧည့်ခန်းတံခါးဖွင့်လျှင် ဖွင့်လိုက်ချင်း
၊ တံခါးပေါက်နားတွင် မတ်တတ်ရပ်နေသော ဖန်ဝမ်
ယင်ကို တွေ့လိုက်ရသဖြင့် လုရှီးသည် ထိုနေရာမှ
ဆက်၍ မသွားမိတော့ချေ။

ဖန်ဝမ်ယင်သည် မိတ်ကပ်ကို ထင်းနေအောင် လိမ်း
ခြယ်ထားပြီး၊ သူမ၏ နားတွင် စိန်နားကပ်တစ်စုံကို ဝတ်ဆင်ထားသည်မှာ တောက်‌လွန်းသဖြင့် အခြား
လူများကိုပင် ဆွဲဆောင်နိုင်လေ၏။

သူမက ညှင်းသာစွာ ပြောလိုက်သည်။

"သား, အမေအထဲကို ဝင်လာလို့ရမလား?"

လုရှီးသည် ဖန်ဝမ်ယင်ကို မမှိတ်မသုန်စိုက်ကြည့်နေ
လျက်၊ သူ၏ မျက်ဝန်းများထဲ၌ ဖုန်းကွယ်၍ မရ
သော လှောင်ပြောင်သရော်ခြင်းများနှင့် ပြည့်နေချေ
၏။

ဖန်ဝမ်ယင်က လုရှီးမတုန်မလှုပ်ဖြစ်နေသည်ကို မြင်
သောအခါ စကားကို တစ်မျိုးပြောင်း၍ ပြောလိုက်
သည်။

"မေမေ အထဲဝင်လို့ ရမလား, သား! မေမေ သားနဲ့
ဆွေးနွေးစရာ တစ်ချို့ရှိလို့...!"

Bite Your Fingertips [Myanmar Translation]Where stories live. Discover now