Chapter - 16

2.3K 582 32
                                    

[UNICODE]

ချူယုသည် လုရှီးနောက်မှနေပြီး အပိုစကား တစ်ခွန်းမှမပြောပဲ တိတ်ဆိတ်စွာ လိုက်လာခဲ့၏။

မနေ့ညက မိုးရွာသွန်းထားသော အရှိန်ကြောင့် နောက်ဖေးလမ်းကြားအတွင်းရှိ ဘေးနှစ်ဖက် အုတ်တံတိုင်းများဟာ စိုစွတ်နေပြီး အစွန်းအထင်းများကလည်း ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် စွန်းထင်းနေသည်။ နေရာတိုင်းလိုလို ရေညှိများအထပ်ထပ်ဖြင့် ဖုံးအုပ်ထားပြီး လမ်းပေါ်တွင်လည်း ရွှံ့ဗွက်အိုင်များဖြင့် ပြည့်နှက်လို့နေရာ ခြေကျင်လျှောက်သွားရ သူများအဖို့ အလွန်စိတ်ပျက်ဖွယ် ကောင်းလှပေ၏။ ခြေတစ်လှမ်း, နှစ်လှမ်းလောက် လှမ်းလို့အပြီးတွင်မူ ချူယုစီးလာသော အဖြူရောင် ဘွတ်ဖိနပ်ပေါ်တွင် အနက်ရောက် ရွှံ့စက်များက ပေကျံလာတော့သည်။

ချူယုသည် လွန်ခဲ့သောရက်က မိုးသည်းည, တစ်ညအကြောင်းကို သတိမရမိပဲ မနေနိုင်တော့ချေ...။

လမ်းဘေးမီးတိုင်အောက်သို့ လုရှီးသည် အဖြူရောင်ထီးကို ကိုင်လျှက်ဖြင့်ပင် ဗွက်အိုင်များကို ဖြတ်လျှောက်လာပြီး သူရှိရာနေရာသို့ ကူညီရန်အတွက် လာခဲ့ဖူးသည်။

လုရှီးသည် သူ၏ ဆံပင်ပျော့ပျော့လေးများကို ညှင်သာစွာ ပွတ်သပ် ပေးပြီး နှစ်သိမ့်ပေးခဲ့ဖူးသည်။

'လူတွေက မွန်းစတားတွေထက် ကြောက်ဖို့ကောင်းကြောင်း...'

'သူသာ အမှန်တစ်ကယ်ကြီး မွန်းစတားဖြစ်သွားခဲ့ရင်တောင် ကြောက်ဖို့မလိုကြောင်း...'

သူ လုရှီးမျက်နှာကို မြင်လိုက်ရသည့်အခါတိုင်း စိတ်ထဲတွင် ပြောမပြတတ်အောင် နွေးထွေးသွားရသည်ဆိုတာကို သူ့ကိုယ်သူ ကောင်းကောင်းသိပေသည်။ ဒါဟာ သူ့ကို လိုလိုလားလား သွေးတိုက်တာကြောင့်လည်း ဖြစ်နိုင်သလို သူနဲ့တွေ့တဲ့အခါတိုင်း လုရှီးက သူ့ကို အမြဲအကူအညီပေးတာကြောင့်လည်းဖြစ်နိုင်၏။

သူ့သည် ဖြစ်နိုင်မယ်ဆိုရင် လုရှီးနှင့် ယခုထက်ပိုပြီး နီးနီးကပ်ကပ် နေခွင့်ရချင်ပါ၏။

သို့ပင်မည့်လည်း အကျင့်တစ်ခုလို ဖြစ်နေကာ လုရှီးအား ကြောက်သည့် စိတ်ကတော့ ခုချိန်ထိ ရှိနေတုန်းပင်။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora