[UNICODE]
ချူယုသည် ဘာမှမသိနားမလည်စွာဖြင့် နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွလုပ်ကာ...၊ ရိုးရိုးသားသားလေး ပင်ခေါင်းညိမ့်ပြလိုက်၏။
"ဟုတ်...၊ ရှူနေတာ အနံ့ရလို့လေ..."
သူဟာအမှန်တစ်ကယ်တော့ လူတိုင်း၏ သွေးနံ့တိုင်းလိုလိုကို ဤကဲသို့ မခံမရပ်နိုင် မဖြစ်တတ်ပဲ...၊ ဒီလူ၏ သွေးနံကသာ သူ့အတွက် အတော် ဆိုးဆိုးဝါးဝါး နံနေခြင်းဖြစ်၏။
လုရှီးသည် နောက်သို့ပြန်လှည့်၍ လမ်းလျှောက်သွားနေသည်ကို ကြည့်နေရင်းဖြင့်၊ ထိုလူ၏သွေးနံ့ကို မခံမရပ်နိုင်စွာ ချူယုသည် သူ၏လက်ဖြင့် နှာခေါင်းကို အကြမ်းပတမ်း ပွတ်သပ်ပစ်လိုက်သည်။
သူကြည့်နေရင်းဖြင့်ပင် လုရှီးသည် မြေပြင်ပေါ်တွင် ချထားသော ပေါက်စီးများ၊ ပဲနို့များ၊ ဖျော်ရည်ပုလင်းများပါသည့် အထုပ်တစ်ထုပ်ကိုကောက်ယူလိုက်သည်။
ထို့နောက် လုရှီးသည် ထိုအိတ်ထဲမှ ဖျော်ရည်တစ်ပုလင်းကို ထုတ်ယူကာ တစ်ခါတည်းပင် မော့သောက်ပစ်လိုက်၏။
ဖျော်ရည်များ ကုန်သွားသောအခါ လုရှီးသည် ပုလင်းအခွံကို မလွင့်ပစ်သေးပဲ လက်ထဲတွင် ကိုင်ထားရင်းဖြင့်၊ ခဏလောက် ကြာသောအခါ ထိုပုလင်းခွံကို လက်တစ်ဖက်တည်းဖြင့် ကွဲသွားအောင် ခွဲပစ်လိုက်လေတော့သည်။
ပုလင်းအခွံ့မှ ဖန်ကွဲစများသည် လုရှီး၏ လက်ဖဝါးသို့ ခြစ်မိသွားသဖြင့် သွေးများက ဒလဟော ထွက်လာခဲ့တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ချူယုသည် အသက်ရှူတောင် ရပ်တန့်သွားမလိုဖြစ်သွားခဲ့ရ၏။
သူသည် လုရှီးက ထိုဖျော်ရည်ပုလင်းအား ထိုကဲ့သို့တစ်ခါတည်း ကွဲသွားအောင် ခွဲပစ်လိုက်မည်ဟု မထင်ထားမိပေ...။
ဘယ်လိုပဲဖြစ်ဖြစ် လုရှီးသည် ထိုကိစ္စအား တုန့်ဆိုင်းခြင်းမရှိပဲ ချူယု၏ မျက်စိရှေ့မှာပင် လုပ်ပစ်လိုက်လေသည်။ လုရှီး၏မျက်နှာအမူအရာမှာ ဘာပြောင်းလဲခြင်းမှ မရှိပဲ လုပ်နေကျကိစ္စတစ်ခုကို လုပ်နေသကဲ့သို့ အေးအေးဆေးဆေး တည်တည်ညိမ်ညိမ်ပင် လုပ်ပစ်လိုက်လေ၏။
BINABASA MO ANG
Bite Your Fingertips [Myanmar Translation]
FantasyEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...