Chapter - 33

2.1K 503 35
                                    

[UNICODE]

ဝေ့​​ကောင်လိုင်သည် လုရှီး​ပြောလိုက်​သော စကား​ကြောင့် သူ့မျက်နှာကို ဘယ်နားသို့ ထားရမှန်းမသိဖြစ်​နေ၏။

ထို့​ကြောင့် သူ့လက်ထဲတွင် ကိုင်ထား​သော အပူခံဓါတ်ဗူးလေးကို စားပွဲခုံ​​ပေါ်သို့ တင်လိုက်ကာ ခပ်မြန်မြန်ပင် စကား​ပြောလိုက်၏။

"မြန်မြန်​သောက်လိုက်...၊ ငါ့အ​မေက မှာလိုက်တယ် ဒီစွတ်ပြုတ်ကို မင်းကုန်​အောင် ​သောက်လို့ပြီးတဲ့အထိ ငါ့ကို ​ဘေးနားမှာ ​စောင့်ကြည့်​​နေရမယ်တဲ့..."

​ဝေ့​ကောင်လိုင်၏ စကား​ကြောင့် လုရှီးသည် မီးဖိုခန်းအတွင်းတွင်ရှိ​​သော နံရံကပ် ဘီရိုအ​သေး​လေးထဲမှာ ​ကြွေပန်းကန် တစ်လုံးနှင့် ​ကြွေဇွန်းတစ်​ချောင်းကိုယူလာပြီး အပူခံဓါတ်ဗူးထဲမှ စွတ်ပြုတ်ကို တစ်ဝက်ခွဲထည့်​​လိုက်သည်။

ထိုမြင်ကွင်းကို မြင်​သောအခါ ​ဝေ့​ကောင်လိုင်သည် အပူခံဓါတ်ဗူးထဲမှ စွတ်ပြုတ်ကို ​ကြွေပန်းကန်အတွင်းသို့ အကုန်​လောင်းထည့်​လိုက်ရင်း....။

"အိမ်မှာ အများကြီးကျန်​သေးတယ်...၊ မင်း​သောက်လို့ ပြီးသွားရင် ငါသွားယူလိုက်မယ်... တစ်ဝက်ခွဲပြီး ချန်ထားမ​နေနဲ့..."

​ဝေ့​ကောင်လိုင်သည် ထို့သို့​​ပြောလိုက်ပြီး​နောက် အိပ်ခန်းတံခါးဘက် လှည့်ကြည့်ကာ သူ့လက်ထဲမှ ​ကြွေပန်းကန်လုံးအား လုရှီးဘက်သို့ ထိုး​ပေးလိုက်သည်။

ထို့​​နောက်သူသည် ထိုင်ချလိုက်ပြီး လုရှီးကို​မေးလိုက်သည်။

"ဒါနဲ့ ငါမင်းကို ​မေးရပါအုံးမယ်...၊ ချမ်းသာပြီး ငယ်ရွယ်တဲ့ သခင်​လေးက ဘယ်လိုလုပ်ပြီး မ​နေ့ညက မင်းအိမ်မှာ လာအိပ်ဖြစ်သွားရတာလဲ...?"

လုရှီးက ရှင်းပြလိုက်သည်။

"သူ မ​နေညတုန်းက သူငယ်ချင်း​တွေနဲ့ သွား​တွေ့ပြီး ​ဝိုင်​တွေသောက်ကြတာ...၊ အဲ့ဒါကြောင့် သူက မူးလာလို့ ငါ့ကို ဖုန်းဆက်ခေါ်လာတာ...ငါလည်း သူ့ကို သွားကြိုပြီး..သူ့အိမ်ကို ပြန်လိုက်ပို့မလို့ လုပ်ခဲ့သေးတယ်...ဒါပေမဲ့ အချိန် အရမ်း​နောက်ကျ​နေလို့ သူ့ကို ပြန်မပို့‌တော့ဘဲ ငါ့အိမ်မှာပဲ အိပ်ခိုင်းလိုက်​တော့တာ..."

Bite Your Fingertips [Myanmar Translation]Onde histórias criam vida. Descubra agora