Chapter - 30

2.1K 561 101
                                    

[UNICODE]

ချူယုသည် သူ့လက်ထဲမှ ရီပို့ကဒ်ကလေးအား စာအုပ်ကြားထဲ ညှပ်လိုက်ပြီးမှသာလျှင် ဆရာ​နောက်သို့ လိုက်သွားရန် အခန်းပြင်သို့ထွက်လိုက်၏။

ချူယု အခန်းတံခါးဝသို့​ ရောက်သောအခါ လုရှီးသည် သူ၏အကျင့်အတိုင်း ​ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်နှိုက်၍ သူ့ကို​စောင့်​​နေသည်ကို ​တွေ့လိုက်ရသည်။ လုရှီးဘယ်အချိန်က ထွက်သွားလိုက်သလဲဆိုတာကို​တော့ သူမသိလိုက်​ပေ...၊ ​သေချာတာက​တော့ သူ့ထက်အရင် ထွက်သွားတာ ဖြစ်ရမည်။

လုရှီးက စကား​ပြောလာ၏။

"ငါ မင်းနဲ့အတူ ရုံးခန်းထဲ လိုက်ခဲ့မယ်"

ချူယုသည် မကြာခဏ ရုံးခန်းကို​ရောက်ဖူး​နေကြဖြစ်၏။ မှန်တာ​ပြောရလျှင် သူသည် ရုံးခန်းသို့ သွားရမည်ကို ဘယ်လိုမှမခံစားရပဲ ​အေး​​အေး​ဆေး​​ဆေးပင် ဖြစ်​နေ​ချေ၏။ သို့​သော်လည်း လုရှီးက ရုံးခန်းသို့သွားရန် ​ခြေလှမ်း​တောင် လှမ်း​နေပြီဖြစ်၏။ ထို့​ကြောင့် ချူယုသည် ဘာမှ ​ထွေ​ထွေထူးထူးစဥ်းစားမ​နေ​တော့ပဲ လုရှီး​နောက်မှ လိုက်ပြီး ​လျှောက်လာလိုက်သည်။

ချူယုသည် ခံစားချက်​ကောင်း​လို့နေ​ပေရာ လမ်းတစ်လျောက်
လုံး လုရှီးကို ​ရေပက်မဝင်​အောင် စကား​ပြော​နေလိုက်၏။

"အမှန်အတိုင်း ​ပြောရရင် ငါ လေ အဆင့် 199 ​တောင် ရမယ်လို့မထင်ထားဘူး...၊ ငါ့အိမ်မက်ထဲမှာ​တောင် မ​မျှော်မှန်းထားတဲ့ အဆင့်ကိုရသွားလို့ အရမ်းကို​ ပျော်​နေတာ..."

ချူယုသည် စိတ်ရင်းနှင့် လုရှီးကိုကြည့်၍ မျက်လုံးများ ​မှေးပိတ်သွားသည်အထိ ပြုံးပြလိုက်ရင်း...။

"လုရှီး....၊ အရမ်းကို ​ကျေးဇူးတင်ပါတယ်"

လုရှီးသည် ​ရှေ့ကိုသာ ကြည့်​​လျှောက်​နေပြီး...​၊ ပုံမှန်​လေသံဖြင့်ပင် ​မေးလိုက်သည်။

"​ကျေးဇူးတင်တယ်...၊ ဘာအတွက် ​ကျေးဇူးတင်တာလဲ...?"

ချူယု၏ မျက်လုံးများထဲတွင် အပြုံးရိပ်များက ​စော​စောက အချိန်ထက် ပို၍​ပေါ်လွင်လာခဲ့ကာ... သူ့လက်က​လေးများကို ချိုး၍ တစ်ခုချင်းစီရေတွက်ပြလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now