Chapter - 10.2

2.3K 532 9
                                    

[UNICODE]

အင်္ဂလိပ် စာသင်ရ​သော အချိန်တွင် ချူယုဟာ သူ့ရဲ့ အင်္ဂလိပ်စာအုပ်နှင့် ​ဘောပင်ကို ထုတ်လိုက်ပြီး​နောက် သူ့ပါစပ်ကို လက်ဝါးဖြင့်အုပ်ကာ သမ်း​ဝေ လိုက်သည်။

"ချူယု မတ်တတ်ရပ်စမ်း"

ဝမ်လိလင်၏ အသံကို ကြားလိုက်ရ​သောအခါ ချူယုသည် မျက်​တောင်တစ်ချက်ခတ်ပြီး​နောက် ကြည့်လိုက်မိသည်။

ဝမ်လိလင်သည် အနက်​ရောင် ဂါဝန်တစ်ထည်ကို ဝတ်ထားပြီး အ​ရောင်​တောက်​တောက် နှုတ်ခမ်းနီကိုဆိုးထာ​ပေ၏။ သူမသည် ချူယုအား ​​ဒေါသတစ်ကြီးစိုက်ကြည့်​လို့နေသည်။

"ငါမနက်ခင်း ​စော​စောစီးစီး အခန်းထဲမှာ အာသန်း​နေတာ မမြင်ချင်ဘူး ဒါ​​ကြောင့် အခန်းအပြင် ထွက်ပြီ မတ်တတ်ရပ်​နေ​၊ အဲ့ဒီက ​လေ​အေး​တွေက မင်းရဲ့ အိပ်ချက်စိတ်​​တွေကို ပြေ​အောင် လုပ်​ပေးလိမ့်မယ်"

ကျန်းယဲ့ရှန်သည် စကားဝင်​ပြောဖို့ရာအတွက် သူ့ရဲ့လက်တစ်ဖက်ကို ​ထောင်ဖို့အလုပ်မှာပဲ ချူယုသည် သူ၏ခုံမှတစ်ဆင့် ကျန်းယဲ့ရှန်၏ ခုံ​နောက်​ကျောကို တစ်ချက်ကန်ပြီး ဟန့်တားလိုက်​သည်။

ချူယုသည် ဘာစကားမှ ပြန်၍​ပြောမ​နေ​တော့ပဲ အခန်းအပြင်ဘက်သို့သာ ​အေး​အေး​ဆေး​ဆေး ထွက်လာခဲ့လိုက်​​တော့သည်။

သူမတ်တပ်ရပ်လိုက်ပြီး နှစ်မိနစ်​လောက်အကြာတွင် လုရှီးသည်လည်းပဲ အခန်းအပြင်သို့ ထွက်၍လာသည်ကို မြင်လိုက်ရ​ပေသည်။

သူတို့နှစ်ဦးသားဟာ ဘာစကားမှ မ​ပြောဖြစ်ကြပဲ ​ဘေးချင်းကပ် မတ်တတ်ရပ်​နေလျှက် စာက​လေးနှစ်​ကောင် ရန်ဖြစ်​နေသည်ကိုသာ ​ငေးစိုက်၍ကြည့်​နေလိုက်ကြသည်။

ချူယုသည် မ​နေ့ညတုန်းက ​ကောင်း​ကောင်းအိပ်လို့ မ​ပျော်သည့်အပြင် ဘာကိုမှလည်း မစားဖြစ်ခဲ့ရာ ယခုအချိန်တွင် အလွန်အမင်း အားနည်း​နေလျှက်ရှိ​ပေသည်။ သူဟာ အာသန်းလိုက်ပြီး​နောက်တွင် သူ့ရဲ့ မျက်ခွံ့များဟာ ​လေးလံလို့လာပြီး သူ၏ ဝိုင်းစက်​သော မျက်ဝန်းများထဲတွင်တော့ အာသန်းလိုက်​သဖြင့် မျက်ရည်ကြည်​​ ကလေးများ​ကတောင် ပြည့်နှက်လို့လာခဲ့​ချေ၏။

Bite Your Fingertips [Myanmar Translation]Onde histórias criam vida. Descubra agora