Chapter - 9.2

2.2K 545 11
                                    

[UNICODE]

ချူယုဟာ အိပ်လို့မ​ပျော်ဘူးဖြစ်​နေသည်၊ သူဟာ အပြင်းဖျားလို့ လာခဲ့ပြန်ပြီး သူ့ရဲ့စိတ်​တွေကလည်းရှုတ်​ထွေး ​နှောက်ကျိ​နေသည်​။ သူဟာ ယခုဆိုရင် အချို​တွေစာချင်စိတ်လဲမရှိ ဖြစ်​နေပြီး ရုပ်ပြကာတွန်းစာအုပ်ဖတ်ဖို့ရန်ကိုပင် စိတ်မဝင်စား​တော့​​ပေ..။ သူဟာ သူလက်ထဲမှ သစ်သီးအရသာ သကြားလုံးကို ဖျစ်ညစ်ထားမိပြီး ​ဘေးပါတ်ဝန်းကျင်တစ်ခုလုံးကလည်း သူ့အတွက် ချာချာ လည်​နေ​တော့သည်။

အင်္ဂလိပ်ဆရာမက အခန်းထဲသို့ ​ရောက်လာပြီး တစ်ချက်မျှ​အကဲခတ်ကြည့်လိုက်ပြီး​နောက် ချူယုဘက်ကို ကြည့်လိုက်သည်။ ထို့နောက် တမင်သက်သက်ပင် ချူယုရှိရာ​​နေရာသို့ ​မေး​ငေါ့ပြလျှက် အ​မေးစကားကို ဆိုလိုက်သည်။

"အဲ့နားမှာ လူတစ်​ယောက်​မှ မရှိကြဘူးလား"

အခန်းထဲရှိ ​ကျောင်းသားအားလုံးဟာ ချူယုဘက်သို့ လျှင်မြန်စွာ လှည့်ပြီးကြည့်လာကြသည်။

ဝမ်လိလင်ဟာ မိတ်ဆက်စကား အနည်းငယ်​ပြောလိုက်ပြီး​နောက် အင်္ဂလိပ်စာ သင်ခန်းစာ ပို့ချဖို့အတွက် စာ​ကြောင်း​ရေ အနည်းငယ်ကို ​ချ​​ရေးနေ​ပေသည်။ သူမဟာ အသက် 30 ဝန်းကျင့်ခန်သာရှိ​သေးပြီး ဆံပင်ကိုသပ်ရပ်စွာစည်း​နှောင်ထားပြီး ဝတ်စုံပြည့်ကို ဝတ်ဆင်ထား​ပေသည်။ သူမကို တစ်ချက်မျှ ကြည့်လိုက်ယုံဖြင့် ပညာတတ် တစ်​ယောက်မှန်းသိသာ​စေသည်​။

"ဒီ​မေးခွန်း​တွေက ပြီးခဲ့တဲ့ semister တုန်းက ​မေးခဲ့တဲ့ ရိုးရှင်းတဲ့​မေးခွန်း​တွေပဲ၊ ပြီးခဲတဲ့ရက်တုန်းက ဆရာမက မင်းတို့ရဲ့ အ​ဖြေလွှာ​တွေကို တစ်ချက်စစ်ကြည့်ခဲ့​သေးတယ် အဲ့ဒီမှာ ​တော်​တော်များများ ရဲ့ပြသနာကို ဆရာမ ရှာ​တွေ့ခဲ့တယ်၊ တစ်ချို​ကျောင်းသား​တွေကို ဆရာမ ​သေချာဂရုတစိုက် ပြန်သင်​ပေးဖို့​လိုအပ်​နေ​သေးတယ်"

ဝမ်လိလင် ဟာ အခန်းA အထက်တန်းဒုတိယနှစ် အခန်းကို သူမရပ်​နေ​သော ​​နေရာက​နေ တစ်ချက်ကြည့်လိုက်ပြီး မျက်​မှောင်ကြုတ်လိုက်မိ​တော့သည်။ သူမသည် ယခုကဲ့သို့ စာ​တော်ပြီး ချမ်းသာ​သော ​ကျောင်းသား အများစု တက်ကြသည် အခန်းမျိုးတွင် သင်​ရသည်ကို သူမ အမှန်တစ်ကယ်ကြီးကို မကြိုက်နှစ်သက်​ပေ...။ အမတန်​ကောင်းလှ​သော လစာနှင့် အတူ နှစ်ကုန်တွင် ​ပေးတတ်​သော ကျန်ရင်​ကျောင်း၏ ​ဘောက်ဆူးများ​ကြောင့်သာမဟုတ်လျှင် သူဒီလိုအခန်းမျိုးကို သင်ဖို့​ရွေးချယ်မိလိုက်မည်မဟုတ်...။ $ က​လေး​တွေ..။

Bite Your Fingertips [Myanmar Translation]Donde viven las historias. Descúbrelo ahora