[UNICODE]
ကျောင်းဆေးခန်းသို့ သွားသည့် လမ်းတစ်လျှောက်တွင် လုရှီးသည် ချူယုအား သူ၏ကျောပေါ်တွင် ကုန်းပိုးလျှက် ရှေ့မှဦးဆောင်၍ သွားပေသည်။
သူတို့၏နောက်တွင်တော့ ကျောင်းအုပ်ကြီးနှင့်အတူ အစောတုန်းက သူတို့နှစ်ယောက်အားတွေ့သွားသော ကျောင်းဆရာနှစ်ယောက်၊ ဝမ်လိလင်၊ အခန်း A ၏အတန်းပိုင်ဆရာ ယဲ့ကျိုးကျင်၊ အတန်းခေါင်းဆောင် ကျန်းယဲ့ရှန်တို့ကပါ အတူလိုက်ပါလာခဲ့သည်။
ကျောင်းအုပ်ကြီးဟာဆိုလျှင်ဖြင့် စိုးရိမ်ကြောင့်ကြနေသော မျက်နှာ အမူအရာဖြင့် ချူယုအား ကြည့်လိုက်ပြီးနောက် ကျောင်းကောင်စီ ဥက္ကဠ အားဖုန်းဆက်၍ စကားပြောနေပေသည်။ ဝမ်လိလင်သည် သူမအား အခန်းအပြင်သို့ ခေါ်ထုတ်ခြင်း ခံလိုက်ရသောကြောင့် စိတ်အိုက်သော အမူအရာ ဖြစ်လို့နေပြီး သူမ၏ မျက်နာဟာဆိုရင် အေးစက်စက် ဖြစ်နေတော့သည်။ ချူယုအား အနီးကပ် ကြည့်ရှူလိုက်သောအခါ သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန် ပေါ်လွင်နေပေသည်။
လုရှီး၏ ပုခုံးပေါ်တွင် ကိုမာ ဝင်နေသော သူတစ်ယောက်ပမာ လဲလျောင်းနေသော ချူယုအားကြည့်လိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင်တော့ ခါးသီးသော ခံစားချက်များကို ခံစားနေရပေသည်။
သူမ၏ စိတ်ထဲရှိသော အတိုင်းသာ ပြောရမည်ဆိုပါလျှင် ဒီကျောင်းသားနှစ်ယောက်အား ဖမ်းဆီးပြီး သတ်တာ သတ်ပစ်လိုက်ချင်တော့သည်။ အခန်း A ဟာဆိုရင် ပြသနာပေါင်း သောင်းခြောက်ထောင်ဖြင့် ထိန်းရခက်ခဲသော အတန်းဖြစ်ပေသည်။ ကျောင်း၏ အဆင့်အတန်းသတ်မှတ်ချက်များကြောင့် အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး အလွယ်တစ်ကူ လိမ်ညာလှည့်ဖျားလို့ ရနေကြသောကိစ္စများကို ကျောင်း၏ ကျောင်းအုပ်ကိုယ်တိုင်က မတားဆီးနိုင်ပါက မည်သူကမှ ထိရောက်အောင် တားဆီးနိုင်တော့မည် မဟုတ်ပေ..။
ယခုဖြစ်စဥ်ကိုပဲကြည့်လေ သူမက သူတို့အား လိမ္မာသွားစေရန်အတွက် အကြိမ်အနည်းငယ်လောက်သာ အပစ်ပေးမိသော်လည်း ဒီချူယုဆိုသော ကျောင်းသားသည် အလွန်းစက်ဆုပ်ဖွယ် ကောင်းလောက်အောင် အကောင်းကြီးကနေ ချက်ခြင်း လက်ငင်းကြီးကို မူးလဲသွားရသည် ဆိုတာကတော့ဖြင့်...။

VOUS LISEZ
Bite Your Fingertips [Myanmar Translation]
FantasyEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...