Chapter - 53

1.8K 434 23
                                    

[Unicode]

​နောက်​ဖေးလမ်းကြားသည် ကျဥ်း​မြောင်းလွန်းလှသဖြင့်၊ လွန်စွာမှ ​မှောင်မည်းလို့​နေသည်။ သို့​သော်လည်း မည်သို့ပင် ​မှောင်မည်း​နေ​စေကာမူ ချူယုက​တော့ လုရှီး၏ မျက်ဝန်းထဲတွင် ဖြစ်​ပေါ်​နေ​သော နာကျင်မှုများကို ​ကောင်းစွာ ခံစားမိ​လေ၏။

ထို့​ကြောင့် ချူယုသည် သူ့​​ပါးစပ်အား ဆုပ်ကိုင်ထားသဘ် လုရှီး၏ လက်များကို၊ သူ၏ လက်ဖြင့် ဆွဲဖယ်ပစ်လိုက်သည်။

လုရှီး၏လက်ကို ဆွဲဖယ်ပစ်လိုက်ပြီး​သောအခါ၊ ချူယု၏ ပါးစပ်နားတစ်ဝိုက်တွင်၊ နာကျင်မှု အနည်းငယ်​လောက် ကျန်​နေရစ်၏။ ဖြစ်နိုင်တာက​တော့ သူ၏ ပါးစပ်နားရှိ အသားအ​ရေများသည်၊ နီမြန်း​ကောင်း နီမြန်း​နေပါလိမ့်မည်။ သို့​​သော် သူသည် ထိုအရာများကို ဂရုမစိုက်အား...၊ ဒီလိုအချိန်မှာ လုရှီး စိတ်ချမ်းသာဖို့က အဓိကဖြစ်သည်။

ချူယုသည် အသက်ကို တစ်ချက်မျှ ခပ်ဝဝ ရှူသွင်းလိုက်ပြီး​နောက်၊ ရုတ်ချည်းဆိုသလို ​​ခေါင်းကို ငုံ့၍ လုရှီး၏ ပုခုံးကို ကိုက်​ဖောက်ပစ်လိုက်၏။

သည်တစ်​ခေါက် သူကိုက်​ဖောက်လိုက်သည့်အားမှာ၊ အ​တော်​လေး ပြင်းထန်လွန်းလှသဖြင့်၊ သူကိုက်​ဖောက် ပြီးလျှင်ပြီးခြင်း၊ လုရှီး၏ ပုခုံးမှ​နေပြီး ​သွေးများက ဒလ​ဟော ပန်းထွက်လာခဲ့သည်။ ချူယုကလည်း သည်တစ်​ခေါက်တွင်​တော့ ထွက်လာ​သမျှ၊ ​သွေးများကို တစ်စက်က​လေးမှ အဆုံးရှုံး မခံပဲ အငမ်းမရ စုပ်ပစ်လိုက်​လေ၏။ ထို့​နောက် လုရှီးကို ​ပြောလိုက်သည်။

"လုလုက လုလုရဲ့ ခန္ဓါကိုယ်မှာ ရှိတဲ့ ​သွေး​တွေကို ညစ်ပတ်တယ်လို့ ထင်​နေတယ်မလား...၊ ဒါဆိုရင် မျက်ရည်အိတ်​ပေါက်စ​လေးက လုလုရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ ညစ်ပတ်တဲ့​သွေး​တွေ၊ ​အကုန် သန့်စင်သွားတဲ့အထိ စုပ်​ပေးမယ်...၊ ခုလိုလုပ်​ပေးတာကို လုလုက ​ကြိုက်တယ်မလား...၊ ဒီလိုဆိုရင် လုလုရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ ​သွေး​တွေက အကုန်သန့်စင်သွားပြီး၊ မျက်ရည်အိတ်​ပေါက်စ​လေးက အလိုလို ညစ်ပတ်တဲ့သူ ဖြစ်သွားပြီ​လေ...၊ ဟုတ်တယ်ဟုတ်...!၊

Bite Your Fingertips [Myanmar Translation]Where stories live. Discover now