Chapter - 12

2.4K 603 22
                                    

[UNICODE]

ချူယုသည် ယခု အ​ခြေအ​နေတွင် သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ငှက်မွေးလေးကဲ့သို့ ​လွန်စွာ ပေါ့ပါး​နေပြီး တိမ်တိုက်များအကြား ပျံသန်း​နေရသလိုမျိုး ခံစား​နေရပြီး လုံဝကို လွပ်လပ်​ပေါ့ပါး​နေ​​တော့သည်။

သူ၏ စိတ်​ထဲတွင်တော့ အနည်းငယ် ရှုပ်ထွေးလျက် ရှိနေ​ပေသည်။

'သူအခု ဘယ်​ကိုရောက်​နေတာလဲ..၊ ပြီး​တော့ အခု ဘယ်အချိန်​နေရှိပြီလဲ သူစဥ်းစားမရပေ'

သူ၏ပင်ကိုယ် ဗီဇအရ ​သွေးစက်များကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်.....။

သူ့ကို ​အ​လောတကြီး...။

အလျှင်အမြန်...။

ထိန်းမနိုင် သိမ်းမရ ဖြစ်စွာ သူ၏ လျှာဖြင့် အငမ်းမရ အလို အလျောက် လျှက်မိသွားသည်တဲ့......။

သူ့ရဲ့ ပါစပ်ထဲသို့ ​သွေးများ ဝင်​ရောက်လာ​သောအခါ ထို​သွေး၏ အရသာသည် ဂျယ်လီ​လေးလိုလို၊ အစိမ်း​ရောင်အဆင်းရှိ ​ရေခဲခြစ်​လေးလိုလို...၊ သင်းပျံ့​သော ​မွှေးရနံ့နှင့်အတူ နူးညံသိမ့်​မွေ့စွာဖြင့် သူ့၏ အာခံတွင်းတစ်​ခုလုံးသို့ တဖြေးဖြေးချင်း ​ပျော်ဝင်လို့ သွားခဲ့ရ​ပေသည်။ ​လောင်ကျွမ်းရမတတ် ပူပြင်းပြီး ​ခြောက်ကပ်​နေ​သော သူ၏ လည်​ချောင်းဟာဆိုရင်လည်း ​ထို​သွေးများ သူ၏ လည်​ချောင်း တစ်လျောက် စီးဝင်လာ​သောအချိန်တွင်​တော့ နွေရာသီ ​နွေ​ခေါင်​ခေါင်အလယ် ပူ​လောင်လွန်းလှသဖြင့် ပတ်ကြားများ အက်ကွဲ​နေ​သော ​ကမ္ဘာ​မြေကြီး​ပေါ်သို့ သည်းထန်စွာ ရွာသွန်းလာ​သော မိုး​ရေစက်များအလား ​အေးမြ၍သွားခဲ့ရ​ပေသည်။ သူ့ခန္ဓါကိုယ်ရှိ အလွန်ပူပြင်းလှ​သော ​သွေး​ကြောများဟာဆိုရင် တ​ဖြေး​ဖြေးချင်း ပုံမှန်အ​​နေအထားသို့ ပြန်​ရောက်လာခဲ့​ပေသည်။

မခန့်မှန်းနိုင်​လောက်​အောင် များပြားလှ​သော ​သွေးများကို စုပ်ယူလိုက်ပြီး​ သူ၏ ခန္ဓါကိုယ်အတွင်းသို့ ​လောဘတကြီး မျိုချပြီးသွား​သောအခါ.. သူ၏ စိတ်ထဲတွင် မယုံနိုင်စရာ ​ကောင်း​လောက်​သော ​ပျော်ရွှင်မှုနှင့်အတူ ​ကျေနပ်အားရ ခြင်းများဖြစ်​ပေါ်လျက်...။ သူ့ခန္ဓါကိုယ်ဟာ ထိုစိတ်လှုပ်ရှား ​ပျော်ရွှင်စရာ ကိစ္စများ​ကြောင့်ပဲ မထိန်းချုပ်နိုင်စွာ ​အနည်းငယ် တုန်ရီလို့ လာခဲ့ရ​ပေသည်။ သူသည် လူတစ်​ယောက်၏ ​​နောက်​ကျောသို့ သူ့၏ လက်နှစ်ဖက်လုံးဖြင့် တင်းကြပ်စွာ ဖက်တွယ်ထားလိုက်ပြီး ကြက်​ပေါက်​လေး တစ်​ကောင်ကဲ့သို့ ထိုလူ၏ ​​နောက်ကျောပြင်အား အတင်းတွယ်ကပ်၍ ​ထားလိုက်တော့သည်။

Bite Your Fingertips [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin