Chapter - 38

2.3K 545 60
                                    

[UNICODE]

အားကစားကွင်း၌ မတ်တပ်ရပ်လိုက်သည်ဆိုရင်ပဲ မနက်ခင်း​စော​စော တိုက်ခတ်လာ​သော...၊ ​လေနု​အေး​အေး​လေးများ​ကြောင့် ချူယု၏ အိပ်ချင်​နေ​သော စိတ်များဟာ ​ပျောက်ဆုံးသွားခဲ့ရ၏။

ချူယုသည် အိပ်ချင်စိတ်​ပြေသွားရုံသာမက​သေး၊ အနည်းငယ်ပါ ချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့ရသဖြင့် လုရှီးအနားသို့တိုး၍ ပိုနီးကပ်သွား​အောင် မတ်တပ်ရပ်လိုက်ရင်း...။

"​ဆောင်းရာသီ​တောင်မ​ရောက်​သေးဘူး...၊ ဘာလို့ခု​လောက်ကြီး ​အေး​နေရတာလဲ မသိဘူး..."

​အေးပါသည်လို့​ ပြော​နေ​သော လူကိုကြည့်လိုက်မည်ဆိုပါက အ​ပေါ်က အ​နွေးထည် အပါးတစ်ထည်ကို ထပ်ဝတ်ထားသည်ကို မြင်​တွေ့ရ​​ပေလိမ့်မည်ဖြစ်၏။ သူတို့နှစ်ဦး အခန်းထဲက မထွက်ခင်အချိန်တွင် လုရှီးသည် ချူယုကို ဘာ​မ​ပြော ညာမ​ပြောနှင့် Vပုံစံ လည်ပင်းပသည့် ဆွယ်တာအပါး​လေးတစ်ထည်ကို ထပ်ဝတ်​ပေး​လေသည်။

ထိုအချိန်တုန်းက ချူယုသည် လုရှီးက ဘာ​ကြောင့်မို့များ သူ့အား ဆွယ်တာထပ်ဝတ်​ပေး​နေရသလဲဟု ​တွေးမိလိုက်​သေးသည်။ ခုချိန်​ရောက်မှသာ လုရှီး၏ ရည်ရွယ်ချက်ကို ​ကောင်း​ကောင်း သိသွား​​ရ​တော့၏။

လုရှီးက ​ချူယုကို ​မေးလိုက်သည်။

"ကိုယ်နဲ့အတူ လိုက်​ပြေးမလား...?"

ချူယုသည် လျှာကိုခလုတ်တိုက်ရမတတ်၊ ခပ်မြန်မြန်ပင် ငြင်းဆိုလိုက်၏။

"ဟင့်အင်း... ​တော်ပြီ ​တော်ပြီ မ​ပြေး​တော့ဘူး၊ ​လေကလည်း တိုက်​နေတာဆို​တော့...၊ ငါကသာ ထပ်​ပြီးပြေးလိုက်ရင် ​မေး​စေ့က အမွှေး​​လေးတွေ အရှည်မြန်လာလိမ့်မယ်...၊ ငါ အဲ့လိုကြီး အရှည်မြန်လာတာကို မကြိုက်ဘူး... ဒါ​ကြောင့် လိုက်မ​ပြေး​တော့ဘူး​နော်...၊ ဒီနားမှာ ရပ်ပြီး မင်း​ပြေးတာ စနစ်ကျ,မကျ ငါကြည့်​ထားပေးမယ်​လေ...၊ ပြီး​တော့ အချိန်လည်း မှတ်ထား​ပေးမယ်..."

"​အင်း.ကိုယ်သိပြီ..."

လုရှီးသည် အ​​ပေါ်က ထပ်ဝတ်လာသည့် အ​နွေးထည်အပါး​လေးကို ချွတ်ကာ ချူယုထံသို့ ပစ်​ပေးလိုက်ရင်း၊ အ​ပြေးပြိုင်ပွဲ ဝင်ပြိုင်​တော့မည့် လူတစ်​ယောက်ကဲ့သို့ အကျအန ​နေရာယူ​လိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now