[UNICODE]
ကျောင်းစဖွင့်သော ပထမအပါတ်၏ သောကြာနေ့တွင်ကျောင်းသားများအားလုံးသည် လာမည့် စနေ၊ တနင်္ဂနွေ ပိတ်ရက်အတွက် ကြိုတင်ပြီး ပျော်ရွှင်နေကြသည်။
နွေရာသီ ကျောင်းပိတ်ရက်တုန်းက လွပ်လွပ်လပ်လပ် နေခဲ့ကြသည့် အရှိန်လေးများကလည်း ခုချိန်ထိအနည်းငယ် ကျွင်းကျန် နေကြသေးသည်မလား...။ အတန်းချိန်တစ်ခုတွင်မူ ဆရာယဲ့သည် စကားတစ်ခွန်းအား အလေးအနက်ထား၍ ငါးကြိမ်တိုင်တိုင်ပြောလေ၏။
"မင်းတို့ရဲ့နှလုံးသားကို သက်သောင့်သက်သာ ဖြစ်အောင် အမြဲထားပါ"
သို့သော် ထိုစကားလုံးသည် ကျောင်းသားများအပေါ်သို့ သိသိသာသာ မသက်ရောက်ပေ...၊ ထိုစကားလုံးသည် ကျောင်သားများအပေါ်သို့ ဘယ်ဘက်နားကဝင် ညာဘက်နားကထွက် ဖြစ်နေပေသည်။
ချူယုသည် မတိုင်ခင် အချိန်ကအထိ ပြဿနာတစ်စုံ တစ်ရာ မရှိခဲ့ပေ...။ လူသူကင်းမဲ့နေသော အိမ်မှာ နေရသည်ထက်စာလျှင် ကျောင်းမှာ နေရသည်ကိုတောင် ပိုပြီး သဘောကျနေမိသေးသည်။ လူများဟာ ရှုတ်ထွေးနေပြီး အသက်ရှင်ရခြင်း၏ အဓိပ္ပါယ်ကို ကောင်းစွာ ခံစားလို့ရပေ၏။ သူပျင်းလာသော အချိန်တွင် သူငယ်ချင်း အချို့နှင့် စကား အနည်းငယ် ပြောလို့ရတယ်လေ...။
ဘယ်လိုပဲဖြစ်ဖြစ် သူ၏အရှေ့ခုံတွင် ထိုင်သော ကျန်းယဲ့ရှန်သည် အားသည့်အချိန်တိုင်း လက်ထဲတွင် ရောင်စုံမီးလေးများ လင်းနေတတ်သော အန်စာတုံးကို အမြဲဆော့နေတတ်သည်။ လီဟွားကမူ အန်စာတုံးအား ဆော့လေ့မရှိသော်လည်း ဘောပင်တစ်ချောင်းအား လက်ထဲတွင်ကိုင်လျက် အမြဲလှည့်ပတ်ပြီး ဆော့နေတတ်သည်။ ချူယုသည် ထိုင်နေလျက်ကပင် သူတို့နှစ်ယောက်၏ အထူးအဆန်း အကျင့်များကို ကြည့်ပြီး အံ့သြနေမိတော့သည်။
ကျောင်ဆင်း ခေါင်းလောင်း မည်လာသော အချိန်တွင်မူ အဆောက်အဦး အကုန်လုံးရှိ ကျောင်းသားများအားလုံးသည် ကျောင်းဆောင်ကြီး ပြိုလဲကျ သွားရတော့ မတတ် အလုအယက် အတန်းပြင်သို့ ထွက်ကြကုန်၏။ အခန်းတစ်ခုလုံးတွင် စားပွဲခုံ ရွေ့သံများ၊ လမ်းလျှောက်သံများဖြင့် ပြည့်နှက်လို့နေသည်။
ESTÁS LEYENDO
Bite Your Fingertips [Myanmar Translation]
FantasíaEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...