Chapter - 55

1.8K 446 41
                                    

[UNICODE]

ချူယုသည် ကိုယ့်ကိုကိုယ် ပြန်ပြီး​တော့ ​'ငါ့ရဲ့ အပြုအမူ​တွေက အရမ်းကို သိသာ​နေပြီလား...'ဟု၊ တွေကြည့်မိလိုက်သည်။

လုရှီး​မေးသည့် ​မေးခွန်းမှာလဲ မှားသည်ဟူ၍လည်း မဆိုသာ၊ ပြီးခဲ့​သော ရက်ပိုင်း​လောက်ကတည်းက၊ သူသည် လုရှီး၏ မျက်ဝန်းများကို တည့်တည့် မကြည့်ရဲခဲ့ပေ...၊ ဘာအ​ကြောင်း​​ကြောင့်လဲဆိုတာ​တော့ သူလဲ​သေချာမ​ပြောတတ်၊ ​သေချာတာက​တော့ သူလုရှီး၏ မျက်လုံးများနှင့် အကြည့်ခြင်း ဆုံလိုက်ပါက၊ သူ့ဦး​နှောက်ထဲရှိ ဆင်ခြင်နိုင်စွမ်းက ​ပျောက်ဆုံးသွားလို့ ဖြစ်၏။

ဥပမာ ​ပေးရမည်ဆိုပါက၊ ယခုလို အ​ခြေအ​နေမျိုးပေါ့...။

ချူယု၏နှလုံးခုန်သံသည် တစ်စထက်တစ်စ မြန်ဆန်လာခဲ့ပုံမှာ၊ တစ်ဖက်လူက သူ၏ နှလုံးခုန်သံကို ကြားသွားမည့်အ​ရေး စိုးရိမ်ရ​ပေ၏။ သူစိုးရိမ်​လေ နှလုံးခုန်သံ​တွေက ပို၍ မြန်ဆန်​လေ ဖြစ်လာကာ၊ အသက်ရှူနှုန်း​တွေ​တောင်၊ မမှန်ချင်​တော့​ပေ...။ ထို့​ကြောင့် သူသည် ဤကသိက​အောက် အ​နေအထားမှ ရုန်းထွက်ရန် ကြိုးစားလိုက်​တော့သည်။

"အဲ့လို ကိစ္စမျိုးက ရှိခဲ့လို့လား...?၊ ဘာ​ကြောင့် မမှတ်မိရတာပါလိမ့်၊ ဟ ဟ"

သူစကား​ပြောလို့ ပီးလျှင်ပီးခြင်း၊ ​ဘေးပါတ်ဝန်းကျင်ရှိ မီးများသည် ပြန်လည်ပြီး၊ လင်းထိန်လာခဲ့​လေ၏။ ဒီလိုအဖြစ်အပျက်ဟာ၊ ချူယုအတွက်​တော့ တစ်ကယ့်ကို ​အရမ်း​ကောင်းသည့် အခွင့်အ​ရေး တစ်ခုပင်ဖြစ်သည်။ ချူယုသည် ထိုအ​ခြေအ​နေကို အခွင့်​ကောင်း ယူကာ ​နောက်သို့ ​ခြေတစ်လှမ်း ထပ်ဆုပ်လိုက်ပြီး...။

"သွား... သွားစို့၊ ချားရဟတ်သွားစီးရ​အောင်...၊ လုလုပဲ ညရှုခင်း​တွေကို ကြည့်ဖို့အတွက် ချားရဟတ် စီးချင်တယ်ဆို...၊ ခုလိုအချိန်က အချိန်​ကောင်းပဲ...၊ ချားရဟတ် စီးဖို့အတွက် တန်းစီပြီး​စောင့်​နေတဲ့ လူ​တွေက များ​နေပြီလား​တောင် မသိ​တော့ဘူး..."

လုရှီးသည် လက်ထဲတွင် မိုးပျံပူ​ဖောင်းအား ကိုင်ထားပြီး၊ ချူယုကို မျက်လွှာချလျှက်ဖြင့် မျက်​တောင် မခတ်တမ်း၊ စိုက်ပြီး ကြည့်​နေ​သော်လည်း၊ ဘာမှ​တော့ ပြန်​ပြောလာခြင်း မရှိ​ပေ...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now