[Unicode]
ထိုညစာလေ့လာချိန်ပြီးကတည်းက ချူယု၏ စိတ်
ထဲတွင် စိတ်ကူးယဉ်အိမ်မက်များဖြင့် အမြဲတမ်း
ပြည့်နှက်နေချေတော့သည်။ဤအိမ်မက်သည် အတန်းထဲတွင် ဖြစ်ပြီး၊ သူနှင့်လု
ရှီးသည် အတန်းထဲတွင် နမ်းနေကြသည်ဆို၏။
ဘေး၌ ဖြတ်သွားဖြတ်လာ ကျောင်းသားများနှင့်
ပြည့်နှက်နေလျက်၊ တံခါးမှ ဖြတ်လာသူသည် ဆရာ
ယဲ့လား၊ အစ်ကိုမုန်လား၊ သို့မဟုတ် ကျန်းယဲ့ရှန်
လားဆိုသည်ကို ချူယု ကွဲကွဲပြားပြား မသိချေ။ပြတင်းပေါက်တွင် တပ်ဆင်ထားသော လိုက်ကာစ,
လေးသည် လေနှင့်အတူ တလှပ်လှပ်လွင့်နေလျက်၊
မိမိတို့ ချစ်သူနှစ်ဦးသည် အတန်း၏ နောက်ဆုံးထိုင်
ခုံတွင် ထိုင်နေရင်း၊ အနမ်းချင်း ဖလှယ်နေကြသည်။မိမိသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး၊ မိမိ၏
ချစ်သူလုလုသည် မိမိ၏ ခါးအား သူ၏ လက်ဖြင့်
မလွတ်တမ်း ဖက်ထားသည်။ကျောင်းလေပြေနှင့် မိမိတို့ချစ်သူနှစ်ဦးသားသည် ပ
နံသင့်နေကြလျက်။ မိမိသည်လည်း မိမိ၏ ချစ်သူ
လုလုခေါင်းလေးအား ပြန်၍ သိုင်းဖက်ထားလိုက်
လေ၏။"ချူယု?"
ထိုအခိုက် တစ်စုံတစ်ယောက်၏ ခေါ်သံပေါ်ထွက်
လို့ လာခဲ့သည်။ချူယုသည် ခေါ်သံကြောင့် ရုတ်တရက် လန့်ဖျန့်
သွားပြီး၊ သူ၏ ခြောက်သွေ့နေသော အာခေါင်ကို
တစ်ချက် ရှင်းလိုက်ကာ-"လုလုရဲ့ ချစ်သူလေး အိပ်ပျော်ရင်း အိမ်မက်မက်
နေတာ..."ချူယု လိမ်ပြောလိုက်သည်။ ထိုသို့ လိမ်ပြောနေရင်
လည်း၊ သူသည် သူစိတ်ကူးယဉ်နေတာကို လုရှီး မ
သိပါစေနှင့်ဟု ကျိတ်၍ ဆုတောင်းနေလေ၏။သို့သော် သူ၏ ဆုတောင်းသည် မပြည့်ဝလိုက်ပေ။
လုရှီးသည် ချူယု၏ နှာသီးထိပ်လေးအား သူ၏
နှာသီးထိပ်လေးနှင့် အချင်းချင်း ပွတ်သပ်လိုက်ရင်း
ဆိုလာတော့သည်။
YOU ARE READING
Bite Your Fingertips [Myanmar Translation]
FantasyEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...