[UNICODE]
ပထမဆုံး အတန်း မစမှီတွင် အခန်းထဲမှ ကျောင်းသားတစ်ယောက်သည် နွေရာအိမ်စာများကို လိုက်လှန်သိမ်းဆည်းနေသည်။ ထို့နောက် Activities တစ်ခုခြင်းဆီတွင် ပါဝင်ချင်ပါက ကိုယ်ပါဝင်ချင်သော Activity အားဖောင်ထဲတွင် တစ်ခါတည်း ထည့်ရေးဖို့လိုကြောင်းပြောလေသည်။
ချူယုဟာ သူ့အိမ်စာ စာရွက်များကို လှမ်းပေးလိုက်ပြီးသောအချိန်တွင် လုရှီး၏ စာရွက်ကို လှမ်းကြည့်လိုက်သည်။ လုရှီးရေးထားသော ပုံစံမှာ သူရေးထားသော ပုံစံနှင့်သိပ်မကွဲပြားကြောင်းမြင်တွေ့လိုက်ရပေသည်။ သူသည် ကွက်လပ်များကိုသာ ဖြည့်ဖို့ရွေးချယ်ခဲ့ပြီး ကွက်လပ်တွေကိုသာ ဖြည့်ထားခဲ့သည်။အရေးကြီးမေးခွန်းများတွင်သာ စာနှစ်ကြောင်းလောက် ဖြေထားပြီး ထိုမျှနှင့်မလုံ လောက်မှသာ ပုံဆွဲ၍ဖြေဆိုထားသည်။ ထို့ထက်အပြင် ဘာမှ ပိုမရေးထား...။
ထိုအချိန်တွင် သူဟာ လေ့လာနိုင်စွမ်း မြင့်မားသောနတ်ဘုရားဆီမှ မှန်ကန်သော နည်းလမ်းတစ်ခုကို သင်ယူလိုက်ရပေသည်။ မှန်ကန်တိကျပြီး လိုရင်း တိုရှင်းသာ ရေးဖို့ လိုအပ်ကြောင်း.....ဘာပဲဖြစ်ဖြစ် နတ်ဘုရားကတော့ နတ်ဘုရား ဖြစ်ထိုက်ပါပေသည်။
ထိုအချိန်တွင် စာရွက်များ လိုက်လံသိမ်းဆည်းနေသော ကျောင်းသားက လှုံ့ဆော်လာခဲ့သည်။
"မြန်မြန်လုပ်ကြ အတန်းတက်တော့မယ် ပြီးရင် ကိုယ်ပါဝင်ချင်တဲ့ Activity အလိုက် ဖောင်ထဲ ထည့်ရေးကြဖို့ မမေ့ကြနဲအုံး"
အခန်းတစ်ခုလုံးဟာဆိုရင် ဆွေးနွေးသံများဖြင့် ပြည့်နှက်လို့နေသည်။ ကျန်းယဲ့ရှန်ဟာ ဘောပင်ကို ကိုင်ထားလျက် ချူယုဘက်သို့ လှည့်ပြီးမေးလာခဲ့သည်။
"ကျောင်းသားချူ Activity အတွက် မင်းဘာရွေးဖို့ စဥ်းစားထာလဲ.. ငါကတော့ ခုထိမဆုံးဖြတ်ရသေးဘူး တင်းနစ်၊ ဓါးသိုင်း ဒါမှမဟုတ် တိုက်ကွမ်ဒို... တစ်ခုခုပေါ့ သုံးခုစလုံးကတော့ ငါအရမ်းကြိုက်တဲ့ဟာတွေကြီးပဲ"
သူဟာ ချူယုရေးထားသော စာရွက်ကိုကြည့်လိုက်ပြီးနောက် မျက်လုံးပြူး သွားခဲ့သည်။
ВЫ ЧИТАЕТЕ
Bite Your Fingertips [Myanmar Translation]
ФэнтезиEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...