Wo yao ni de ai (1)

11.4K 634 33
                                    


Unicode

"အစ်ကို wechat account လေးပေးလို့ရမလား .."

ရှောင်းကျန့်က သူ့ရှေ့မှာလာရပ်တဲ့ ချစ်စရာကောင်မလေး နှစ်ယောက်ကြောင့် မျက်လုံးတွေ ဘလင်းဘလင်းဖြစ်သွားတယ် ။ ကောင်မလေးနှစ်ယောက်စလုံးက ဖြူဖြူသေးသေးလေးနဲ့တကယ်လှတယ်။ ဒါပေမဲ့ သူ အရမ်းမပျော်ရဲသေးဘူး။ ဘေးဘီကို မျက်လုံးအသာဝှေ့ကြည့်လိုက်တယ်။ ဟိုကောင် ဝမ်ရိပေါ် ရေခဲမုန့်သွားဝယ်တာ ပြန်မလာသေးဘူး။ ဒါသူ့အတွက်အခွင့်အရေးပဲ။

"ရတာပေါ့ ..ရတယ် .."

ရှောင်းကျန့်က အခြေ‌အနေဟန်တာနဲ့ ယုန်သွားလေးများဖြဲပြလို့ ရယ်ပြရင်း QR code ဖတ်ဖို့ ဖုန်းလေးကမ်းပေးလိုက်တယ်။ ကောင်မလေးနှစ်ယောက်က ချက်ချင်းမလှုပ်ရှားနိုင်သေးပဲ ယုန်လေးနဲ့တူတဲ့ အစ်ကိုချောချောလေးရဲ့ အပြုံးမှာငုတ်တုတ်မေ့နေတယ်။

"ဘာဖြစ်လို့လဲဟင် မယူဘူးလား
အစ်ကို့နာမည်က ရှောင်းကျန့်ပါ ..."

"ဟီး ဟုတ်ကဲ့ အစ်ကိုက အရမ်းချောတော့
ခဏ အသက်ပျောက်သွားတာ။ ညီမတို့က ပထမနှစ်ကပါ .."

"ရှောင်းကျန့် !!! "

သွားပြီ။ ဧရာမဗုံးဆယ်လုံးကွဲတာထက်ဆိုးတဲ့ ဝမ်ရိပေါ်ရဲ့ ကျက်သရေအဖြာဖြာတုံးတဲ့ ငှက်ဆိုးထိုးသံကြီး ။ ဒီနေ့လဲကံမကောင်းဘူးပဲ။ သူကမ်းပေးထားတဲ့ဖုန်းက ဝမ်ရိပေါ်ရဲ့ ဆွဲလုယူမှု့ခံလိုက်ရပြီး ဝမ်ရိပေါ်က ဟိုကောင်မလေးနှစ်ယောက်ကိုလူသတ်မလိုအကြည့်နဲ့ကြည့်နေတယ်။

"သွား ..သွားကြ ..ဘာ အကောင့်မှမရဘူး "

ကောင်မလေးနှစ်ယောက်က အထိန့်ထိန့်အလန့်လန့်ဖြင့် ထွက်ပြေးသွားကြတယ်။ မလန့်ပဲနေနိုင်မလား ဒီလောက်ကြောက်စရာကောင်းတဲ့မျက်နှာမာကြီးနဲ့စိုက်ကြည့်နေတာကို။ ရိပေါ်ရဲ့မျက်နှာ သူ့ဘက်ပြန်လှည့်လိုက်တဲ့အချိန်မှာ ရှောင်းကျန့်က ဂလုခနဲ တံတွေးမျိုချမိတယ်။ ဝမ်ရိပေါ်က ခပ်ရွဲ့ရွဲ့စိုက်ကြည့်ပြီး........

"နည်းနည်းလေးမှ့ အလွတ်ပေးလို့မရဘူးနော်
ဟင်းးဟင်းး "

" မင်း..ကလဲ ..ငါ ..က ...
ငါလဲ အရွယ်ရောက်နေပြီ ငါ လဲရည်းစားထားချင် .. ....အားးး နာတယ် နာတယ် တကယ်နာတာ ..."

Short Stories CollectionWhere stories live. Discover now