Unicode
သူ့ကို သူ့ထက်ပို၍.... ( Part 1 )
အချစ်သည် ဆန်းကြယ်လွန်းလှတယ်။ အချစ်က လူတွေကို ပြောင်းလဲစေတယ်။ ရှောင်းကျန့်ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ ဝမ်ရိပေါ်ဆိုတဲ့လူကိုချစ်ခဲ့မိသည်က ခါးသီးတဲ့အမှတ်တရတစ်ခုဖြစ်ဖို့ အစပျိုးခဲ့မိသည်ပဲလား....
"ကျန့် ...ထတော့ "
"ဟင် ..အင်း ရိပေါ် .."
အိပ်ရာက ထလိုက်တော့ ရင်ဘတ်ထက်မှ့လျောကျလာတဲ့ စောင်ပါးလေး.. သူ့ကိုယ်မှာအဝတ်အစားမရှိတာသတိပြုမိသွားတယ်။ ညကသူတို့ နှစ်ယောက်တကမ္ဘာတည်ခဲ့ကြသည်ပဲ။ အဝတ်တွေကို ဖြစ်သလိုကောက်စွပ်လိုက်ရင်း ...
"ဘယ်အချိန်ရှိပြီလဲဟင် "
"၇နာရီ "
"အစောကြီးရှိသေးတာကို ဘာလို့နိုးတာလဲ"
"ကိုယ်ရေချိုးမလို့ ရေချိုးခါနီးဘာလုပ်တတ်လဲမင်းမသိလို့လား အခုလာခဲ့ "
"အင်းပါ "
ကြမ်းပြင်မှာလူတကိုယ်လုံး ပက်လက်ကလေးလှဲချပေးလိုက်တယ်။ အပေါ်ပိုင်းဗလာနှင့် ဝမ်ရိပေါ်ကသူ့အပေါ်မှာအုပ်မိုးလို့ မျက်နှာဘေးကို လက်နှစ်ဖက်ထောက်လို့ ဒိုက်ထိုးပါတယ်။ ရှောင်းကျန့်ကတော့ အကြိမ်အရေအတွက် ရေပေးရတယ်။ ရိပေါ်က အားကစားလိုက်စားသူမို့ ရေချိုးခါနီးတိုင်းဒိုက်ထိုး ကိုယ်လက်လေ့ကျင့်ခန်းလုပ်တတ်တယ်။ အဲ့လိုလုပ်တိုင်းလဲ သူကအမြဲမပါမဖြစ် ပါပေးရတယ်။
"တစ် ...နှစ် ...သုံး....လေး ... "
မျက်နှာနားနီးကပ်နေတဲ့ မျက်နှာလေးကို တစိုက်မက်မက်ကြည့်ရင်း အရေအတွက်အော်တယ်။ ရိပေါ်ကို သူအရမ်းချစ်တယ်။ မိဘတွေနဲ့အတိုက်အခံလုပ်ပြီးကို ချစ်ခဲ့ရတာ။
"၂၁....၂၂....၂၃....အွန့် ! ..."
နှုတ်ခမ်းလေးတွေက ဆက်ပြောခွင့်မရတော့ပဲပိတ်ခံရတယ်။ ဝမ်ရိပေါ်က သူ့တကိုယ်လုံးကို ဖျစ်ညှစ်ပွေ့ဖက်ရင်း အရူးအမူးနမ်းတယ်။ သခင်အလိုရှိတဲ့အတိုင်းပေါ့ ...အရာအားလုံးပုံပြီးချစ်ရသူမို့ ရှောင်းကျန့်မှာ ဘယ်တုန်းကမှငြင်းဆန်ခွင့်ဆိုတာ မရှိခဲ့ပါဘူး။
ESTÁS LEYENDO
Short Stories Collection