Unicode
နွေရာသီ ....နွေဦးကပူပြင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ စတင်ဆုံဆည်းမှု့က ရွက်ကြွေတွေဝေတဲ့ နွေဦးမှာဖြစ်တယ်။
ဈေးထဲမှာ လူသံသူသံတွေနဲ့ဆူညံနေတယ်။ သူ့ရဲ့သခင်လေးက ဘာလို့ ဒီလိုလူရှုပ်တဲ့နေရာကိုနှစ်သက်ရတယ်ဆိုတာ အားချန် ကတော့ တကယ်ကိုနားမလည်ပေ။ ရှောင်းကျန့်က ယပ်တောင်လေး တဖျတ်ဖျတ်ခတ်လို့ မျက်လုံးတောက်တောက်လေးတွေက အရပ်လေးမျက်နှာကို စိတ်ဝင်တစားလိုက်ကြည့်တယ်။
ရှောင်းအိမ်တော်ရဲ့ အငယ်ဆုံးသားငယ် ရှောင်းကျန့် ...ဘုရင့်အနားခစားရတဲ့ အမတ်ချုပ်ကြီးရဲ့ အချစ်ရဆုံးသားလေး။ ရုပ်ရည်ချောမောတဲ့အပြင် စိတ်ထားဖြူစင်လွန်းတာကြောင့် ဆင်းရဲချမ်းသာမရွေး သူ့ကိုချစ်ခင်ကြတယ်။
"အားချန် ဟိုမှာကြည့်ပါဦး လိပ်ကလေးတွေ "
လိပ်အသေးလေးတွေကို စိတ်ဝင်တစားကိုင်ကြည့်ဖို့ အနားကိုအသွား ၊ ဘေးကပ်ရပ်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့်ခြေလှမ်းတွေရပ်သွားတယ်။ နေပူပူထဲ မြေပြင်မှာအမိုးအကာမပါ ဒီအတိုင်းငုတ်တုတ်ထိုင်နေတဲ့ ညစ်ပေပေလူငယ်လေး ....အရွယ်က ၁၂/၁၃ နှစ် ဝန်းကျင်ရှိရောပေါ့။ သူလက်မှာကိုင်ထားတဲ့ စာက ....
[ ငွေသားတရာနဲ့ ကျွန်တော့်ကိုယ်ကို ရောင်းပါတယ်။ အလုပ်ကြမ်းတွေလဲလုပ်နိုင်ပါတယ် ]
"ဟေ့ကလေး ..."
ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ နေရောင်ကရိပေါ်ရဲ့မျက်ဝန်းတွေတောင် ကျိန်းစက်သွားရတယ်။ မျက်တောင်နှစ်ချက်လောက်ခတ်လို့ နေစူးတာကိုလက်ဖဝါးလေးနဲ့ကာလိုက်တယ်။ သူ့အမြင်အာရုံထဲဝင်လာတာက အရပ်ရှည်ရှည် ဝတ်ကောင်းစားလှနဲ့ သူ့ကိုငုံ့ကြည့်လို့ပြုံးရယ်ပြနေတဲ့ အစ်ကိုကြီးတစ်ယောက်။ သွားအဖွေးသားပေါ်အောင် ရယ်ပြနေတာက သူ့ရင်ထဲက အပူတွေတောင်တဝက်လောက် ငြိမ်းသွားသလိုပင်။
ဝမ်ရိပေါ်ဆိုတဲ့ကောင်က စတွေ့ကတည်းက သခင့်ခြေဖဝါးအောက် ဒီလိုကြွေဆင်းခဲ့ရတာ ....
"ကလေး မင်းဘာလို့ ကိုယ့်ကိုယ်ကို ပြန်ရောင်းနေရတာလဲ "
"ပိုင်ဆိုင်တာက ဒါပဲရှိလို့ ..."
YOU ARE READING
Short Stories Collection