Unicode
သိပ်မကြာခင်မှာပဲ ဝမ်ရိပေါ်ဟာစိတ်ကူးယဉ်အိမ်မက်ထဲက နိုးထသွားရပါတော့တယ်။ အဲ့ဒီနေ့က ရှောင်းကျန့် ဘုရင့်အိမ်တော်ကပြန်လာပြီး သုံးရက်မြောက်နေ့။ ဝမ်ရိပေါ်က မယ်တော်ကြီးနဲ့ စကားအခြေအတင်ဖြစ်ပြီး အိမ်ပြန်လာတဲ့နေ့။ မယ်မယ်က သူ့ပါးပေါ်လက်ရွယ်ခဲ့တယ်။ မျက်ရည်ကျခဲ့တယ်။ အချစ်ကြောင့်နဲ့သူဟာ သားမိုက်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူ့ဘက်ကလဲအော်ဟစ်ပေါက်ကွဲခဲ့တယ်။
"ဒီအသက်အရွယ်အထိ့ မွန်းကြပ်မှု့တွေကြားထဲမှာ ပုံစံခွက်ထဲမှာ အသက်ရှင်ရတာ ပင်ပန်းလှပြီ။မယ်မယ်စိတ်တိုင်းကျ ကျွန်တော်မနေခဲ့ဘူးလား။ ငယ်ငယ်လေးကတည်းက ကျွန်တော့်ဝါသနာတွေ ၊ သင်ယူချင်တဲ့အရာတွေ အားလုံးကို ကျွန်တော်စွန့်လွှတ်ပြီးနေခဲ့ရတာဗျာ။ ရယ်ချင်လို့တောင် အော်မရယ်ရဲတဲ့အခိုက်အတန့်တွေ ၊ မင်းသားတယောက်မှာရှိသင့်တဲ့ အရေးမပါတဲ့ထိန်းချုပ်မှု့တွေနဲ့ မိတ်ဆွေစစ်ဆိုတာတောင် အနားမှာ မရှိခဲ့ဘူး။ ကျွန်တော့်ကို ဒီတခါလောက်တော့ ကိုယ်ပိုင်ဆန္ဒလေးနဲ့ ဆုံးဖြတ်ခွင့်ပေးပါလား "
မျိုးနွယ်ရဲ့သိက္ခာ ၊ ဂုဏ်တွေ ...ဘာလုပ်ရမှာလဲ။ သူစက်ရုပ်လိုဘဝမျိုးနဲ့မရှင်သန်ချင်ဘူး။ ဌက်ကလေးတွေလိုပဲ လွတ်လွတ်လပ်လပ်ပျံသန်းချင်တာ။ စံအိမ်ပြန်ရောက်တာနဲ့ ဝမ်းနည်းနေတဲ့ သူ့စိတ်တွေကို အေးချမ်းစေမဲ့ အေးရိပ်လေးစီကို သူအပြေးသွားမိတယ်။ ဒါပေမဲ့ ...အိမ်မှာစောင့်ကြိုနေတဲ့အရာကမှ့ တကယ့်အပြင်းစားထိုးနှက်မှု့ကြီးဖြစ်မှန်း သူကြိုမသိခဲ့ဘူး။
"ပေါင်ပေါင်း မင်း ဒါဘာလုပ်နေတာလဲ
ပြုတ်ကျမယ်လေ အခုဆင်းစမ်း "ရှောင်းကျန့်က အိပ်ဆောင်ရဲ့ အဝင်ပေါက်နားက ပြတင်းပေါက်ဘောင်မှာ ခြေထောက်လေးနှစ်ဖက်တင်ကာ တက်ထိုင်ထားတယ်။ ဒီအဆောက်အဦးက ၅ထပ်ပဲရှိတယ်ဆိုပေမဲ့ အခန်းဖွဲ့ပုံကျယ်တာကြောင့် မျက်နှာကျက်တွေအမြင့်ကြီး နေရာယူဆောက်ထားတာပါ။ ပြတင်းပေါက်မှန်တံခါး အားလုံးကို ဆွဲတင်ထားပြီး အထစ်ကလေးမှာ ဘေးစောင်းလေးထိုင်နေတာ ဘယ်လောက်ထိ့ အန္တရာယ်များလိုက်သလဲ ။ ဝမ်ရိပေါ်က ခြေကားယားလက်ကားယားနဲ့ သူ့ပေါင်ပေ့လေးကိုပြေးဆွဲဖို့လုပ်တယ်။ လန့်ပြီး ပြုတ်ကျသွားမှာလဲစိုးတာကြောင့် အနားအရမ်းမကပ်ရဲဘူး။
YOU ARE READING
Short Stories Collection