You are my everything (3)

2.4K 368 11
                                    

Unicode

"အိမ်..."

"မပြန်ရဘူး "

"ဘာလို့လဲ "

"မင်းကို ငါမွေးလိုက်ပြီ "

"ဘာ..ဘာမွေး "

"မွေးထားတာလေ မသိဘူး‌လား အချစ်တော်လေးပေါ့"

" မွေးထားရအောင် ကျွန်တော်က ကြောင်လေး ခွေးလေးမို့လား"

"မင်းဟာမင်းကြိုက်သလိုတွေးငါစိတ်မဝင်စားဘူး၊ငါမင်းကိုသဘောကျတာမို့ အပိုင်ယူလိုက်ပြီ "

"မင်းသား ဒီလိုမျိုးမလုပ်ပါနဲ့ "

"မတရားမလုပ်ပါဘူး တန်ရာတန်ကြေးပေးမှာပါ၊မင်းဘယ်လောက်လိုချင်လဲ ပြော "

"မလိုချင်ဘူး။ ဒီမှာလဲ မနေချင်ဘူး "

"ရတယ်လေ အဲ့ဒါဆို  အိမ်ရှေ့စံမင်းသားကိုဆဲဆိုမှု့ ၊ ကိုယ်ထိလက်ရောက်ထိုးနှက်မှု့နဲ့ မင်းကိုတရားရုံးတင်မယ်။ တသက်လုံးဆံပင်ဖြူတဲ့အထိ့ထောင်ထဲမှာနေချင်သလား စဉ်းစား "

"ကျွန်တော်တကယ် ဘာမှမလုပ်ခဲ့ဘူး
မင်းသားလူမှားနေတာ ကျွန်တော်မဟုတ်ဘူးလို့ "

" ‌တော်ပြီ ။ ထပ်မ‌ငြင်းနဲ့တော့ ဒီမှာနေရင် ဒီက စည်းကမ်းတွေ လိုက်နာရမယ်။မင်းလိမ်လိမ်မာမာနဲ့နေမယ်ဆိုရင် အချိန်အကန့်အသတ်နဲ့ အပြင်ထွက်ခွင့်ရမယ်။  မလိမ်မာရင် နိုင်ငံတော်ပုန်ကန်မှု့နဲ့ တခါထဲ ပစ်သတ်မယ် "

"မနေချင်ဘူး "

"ငါလိုချင်ရင် မရဘူးဆိုတာ ကြားတောင်မကြားဖူးဘူး။ပါးစပ်လေးပိတ်ပြီး လက်ခံလိုက်
ဒီမှာနေရင် အကျီလှလှလေးတွေလဲဝယ်ပေးမှာ ၊ အစားအသောက်ကောင်းတွေလဲကျွေးမယ် "

"ကျွန်တော့်ခေါင်းကိုမကိုင်နဲ့ "

"ဆံပင်သပ်ပေးတာပါ ပေါင်ပေ့ရဲ့ "

"ကျွန်တော်ကလေးမဟုတ်ဘူး "

"ဒီနေ့ကစပြီး မင်းငါနဲ့အတူနေရမယ်
ငါ့ကို မင်းသားလို့မခေါ်ရတော့ဘူး
ဝမ်လို့ ခေါ်ရမယ် ခေါ်ကြည့်စမ်း "

ဝမ်ရိပေါ်က သူ့ရဲ့အရုပ်ကလေးကို စိတ်ရှည်ရှည်နဲ့သင်ပြပေးနေတယ်။ တော်ဝင်မျိုးနွယ်မင်းသားကို နာမည်တပ်ခေါ်ရမယ်ဆိုတော့ ရှောင်းကျန့်က လန့်ပြီးသူ့လည်ပင်းသူစမ်းမိ့တယ်။ သူတော့ ခေါင်းပြတ်တော့မှာပဲ။

Short Stories CollectionOnde histórias criam vida. Descubra agora