Our Last Days (3)

1.7K 275 9
                                    

Unicode

ဒိုင်း ~~~~ ဒိုင်း ~~~~ဒိုင်း

သေနတ်သံတွေ ဆူညံသွားတယ်။ ၄ယောက်သား ဇက်ကလေးပုလို့ အကာအကွယ်ရှိရာထောင့်တွေကို ပြေးကပ်နေရတယ်။ ဇွန်ဘီတွေက များလွန်းတာကြောင့် သေနတ်သမားနှစ်ယောက်လဲမနိုင်တော့ပဲ လုံးထွေးကုန်ကြပြီး အကိုက်ခံလိုက်ရတယ်။ ရဟပ်ယာဉ်ပေါ်ကလူကလဲ သူတို့အသက်မရှင်နိုင်တော့မှန်းသေချာနေပြီမို့ မောင်းပြေးသွားတော့တယ်။

"ဟေ့ !!! မသွားပါနဲ့ "

ဝမ်ချောင်က ဝမ်းခေါင်းသံကြီးနဲ့အော်ခေါ်ပေမဲ့ မလှည့်လာတော့ဘူး။

"ခွေးမသားတွေ !!! "

ရွယ်ယမ်က ပစ်ပစ်နှစ်နှစ်ကျိန်ဆဲလိုက်ပြီး အနားကပ်လာတဲ့ဇွန်ဘီတစ်ကောင်ကို ရိုက်ချလိုက်တယ်။ လူသားနဲ့ ဇွန်ဘီတိုက်ပွဲ ။ လေးယောက်သား ဇွန်ဘီတွေအနားမကပ်နိုင်အောင် လက်အံသေလာတဲ့အထိကာကွယ်နေရတယ်။

"မဖြစ်တော့ဘူး ဟိုဘက်တိုက်ကို ပြန်ကူးရအောင် ...မြန်မြန် "

ဝမ်ရိပေါ်က ရှောင်းကျန့်ကို လက်ဆွဲပြီးပြေးသွားတယ်။ ဒီအချိန်မှာပဲ  အနောက်ကပြေးလိုက်လာတဲ့ ဝမ်ချောင်ကခြေချော်ပြီးလဲကျတယ်။

"အာ့ "

"ဟာ ! ဟေ့ကောင် အမြန်ထကွ "

ဝမ်ချောင်ကို ကိုက်ဖို့ကြိုးစားနေတဲ့ ဇွန်ဘီတွေကိုရွယ်ယမ်က ကာပြီးရိုက်ချပေးနေတယ်။

"ပြေး ပြေးတော့ !!! "

ဝမ်ချောင်ထနိုင်တာနဲ့ နှစ်ယောက်သား တစ်ဖက်ကို ခုန်ကူးကြတယ်။ ပြေးလိုက်လာတဲ့ ကျပ်မပြည့်ဇွန်ဘီတွေ အောက်ကို တပြုံကြီးပြုတ်ကျပြန်တယ်။ လေးယောက်သားလဲ ဖတ်ဖတ်မောနေကြပြီ။

"လှေကားက တံခါးကိုပိတ်လိုက် !!! "

ဒီတစ်ခါတော့ သူတို့စာတတ်သွားကြပြီဖြစ်တယ်။ တံခါးကို အရင်ပိတ်ချလိုက်ပြီး ခြေပစ်လက်ပစ် ကြမ်းပြင်ထက် လှဲအိပ်မိကြတယ်။ ခေါင်းပေါ်က ကောင်းကင်ပြာပြာက သူတို့ကို လှောင်ရယ်ပြနေသလိုပဲ။

"မတန်လိုက်တာကွာ ... အခုဘာဆက်လုပ်ကြမတုန်း ကယ်မဲ့ကောင်တွေလဲပြေးပြီ "

Short Stories CollectionWhere stories live. Discover now