သူ့ကို သူ့ထက်ပို၍ (6)

4.7K 477 30
                                    

Unicode

သူ့ကို သူ့ထက်ပို၍.... ( Part 6 )

"ကော ကျွန်တော့်ကိုလက်ထပ်ပါ
ပြန်မသွားပါနဲ့နော် "

"မင်းတပတ်လုံး ဘယ်ပျောက်နေတာလဲ၊ ဖုန်းလဲမကိုင်ဘူး။ နေရောကောင်းရဲ့လား ပိန်ကျသွားတာပဲရော၊ရှောင်းကျန့်နဲ့အဆင်မပြေဘူးလား"

"သူနဲ့ကျွန်တော်ပြတ်သွားပြီ
ကော ကျွန်တော်မေးတာကို‌ ဖြေဦးလေ "

ကောက ရိပေါ်ကို တခါမှမကြည့်ဖူးတဲ့ အကြည့်စူးစူးနဲ့ စိုက်ကြည့်တယ်။

"ငါ့ကို လာနမ်း ..."

"ဟင် ..."

"ငါ့နှုတ်ခမ်းကိုလာနမ်း ဝမ်ရိပေါ် ၊ မင်းငါ့ကိုနမ်းပြီးရင်၊ ငါမင်းနဲ့လက်ထပ်ဖို့ လက်ခံပေးမယ် "

"......"

"လာလေ ...ဘာတွေဒီလောက် စဉ်းစားနေရတာလဲ အရမ်းခက်ခဲနေလို့လား "

ရိပေါ်က တုန်လှုပ်စွာနဲ့ ကောရဲ့အနားကိုတိုးကပ်သွားတယ် ။ ပါးပြင်လေးကို တုန်နေတဲ့လက်နဲ့ အသာထိလိုက်ပြီး....မျက်နှာ အနားတိုးလိုက်တယ်....

အတူတူပါပဲ... ဒီလူသားနှစ်ယောက်ရဲ့ တူညီတဲ့မျက်နှာက ဆွဲဆောင်နိုင်မှု့က အားလုံးထပ်တူပါပဲ...

ဒါပေမဲ့ .............

"လူဆိုးကြီး မကောင်းတဲ့လူကြီး "

"ကျွန်တော်ဝမ်ရိပေါ်ကိုအရမ်းချစ်တာပဲ "

"ဒီအိမ်မှာ ကျွန်တော်တို့အတူနေကြရမှာလားဟင်"

""ကျွန်တော်က ရှောင်းကျန့်ပါ ဝမ်ရိပေါ် ..."

"အတုက အတုပဲမဟုတ်ဘူးလား ဝမ်ရိပေါ်ရဲ့ ...ဘယ်လိုလုပ်ပြီး အစစ်ကိုမှီပါ့မလဲ ..."

"ဒီလောက်နဲ့ပဲ ....အဆုံးသတ်လိုက်ရအောင်ဗျာ ..."

နီမြန်းနေတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့ ဆွဲဆောင်တတ်လွန်းတဲ့ မှဲ့နက်ကလေး ။ သူ့စကားသံလေးတွေနဲ့ ရိုးရှင်းတဲ့ သူဟန်ပန်လေးတွေ။

သူနဲ့မှဖြစ်မှာ ....သူမဟုတ်ရင် ဘယ်သူ့ကိုမှမလိုချင်ဘူး။ သူ့ကိုပဲထိတွေ့ချင်တာ သူ့ကိုပဲကြင်နာချင်တာ......အားလုံးက သူမို့လို့သာ ....

Short Stories CollectionWhere stories live. Discover now