Oh My Ghost (1)

4.3K 428 33
                                    

Unicode

ဝမ်ရိပေါ် ဆိုတာ ရင်အုပ်ကျယ်ကျယ် မျက်နှာချောချော ၊ ရင်ဘတ်မှာ ပေါင်မုန့်၈ထုပ်နဲ့ အသားဖြူပြီး ဝတ်တာစားတာကအစ စမတ်ကျတာမို့ မိန်းကလေးတွေပါးစပ်ဖျား ရေပန်းစားတဲ့ Gym Trainer ကောင်လေးပေါ့။ သူက အပျော်တန်းလက်ဝှေ့ပါထိုးသေးတာမို့ လူကောင်ကြီးကလဲ သိတဲ့အတိုင်းပဲ ။ King Kong ကားထဲက ကင်းကောင်ကြီးလိုပဲ အဝေးက လှမ်းမြင်လိုက်တာနဲ့ အရှိန်အဝါတွေ လင်းလက်ပြိုးပျက်လို့ပြူးထွက်နေတာပေါ့။

ဒါပေမဲ့ လောကမှာပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူးလေ ။ သိတယ်မလား။ အဲ့ဒါကြောင့် ဝမ်ရိပေါ်မှာလဲ အားနည်းချက်လေးတစ်ခုတော့ ရှိရှာတယ်။ အဲ့ဒါက ဘာလဲဆိုတော့ သရဲဆိုဖင်တုန်အောင်ကြောက်တတ်တာပါပဲ။ သရဲကြောက်တတ်တယ်ဆိုလို့ အခြောက်ခံရဖူးလို့လားလို့မမေးနဲ့ တစ်ခါမှ့ကိုအခြောက်မခံရဖူးဘူး။ သရဲလဲမမြင်ဖူးဘူး။ မမြင်ဖူးပါပဲနဲ့ အလကားနေဇွတ်ကိုကြောက်နေတော့တာ။ ငယ်ငယ်က အဖိုးပြောပြတဲ့အိပ်ရာဝင်သရဲပုံပြင်တွေနားထောင်တာ များသွားလို့လဲပါမှာပေါ့လေ။ ထားပါတော့။ 

ပြသနာက ဘယ်ကစလဲဆိုတော့ ဝမ်ရိပေါ်လေးဟာ သရဲသာကြောက်တာ သရဲဝထ္ထုတွေဆို အသဲစွဲဗျ။ သရဲကား ၊ သရဲကာတွန်း သူအကုန် ကြည့်တယ် ၊ ဖတ်တယ်။ ပြီးရင် ‌အိပ်ရာထဲစောင်ခြုံပြီးကြောက်နေတာ အပေါ့အပါးတောင်ထ့မသွားရဲဘူး။ သူ့ကိုယ်ကြီးကိုမှအားမနာ ကြောက်တာဆိုတာ တုန်နေတာပဲ။ အဲ့နေ့ညက မိုးလေးခပ်ဖွဲဖွဲကျနေတယ်။ ဝမ်ရိပေါ်လေးလဲ မိုးအေးအေးနဲ့ စောင်လေးခြုံပြီး တရုတ်ခုန်ဆွသရဲဝထ္ထုလေးဖတ်နေတာပေါ့။

ဂျွတ် ~~ဂျွတ် ကျလိ ~~

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ရှိသမျှအမွှေးအားလုံးထောင်သွားတယ်။

"ဘာသံကြီးလဲ "

ဇဝေဇဝါနဲ့ထထိုင်ရင်း ပြတင်းပေါက်တံခါးမပိတ်မိတာကို သတိပြုမိသွားတယ်။ ထရပ်ပြီး တံခါးကိုဆွဲအပိတ် လေထဲမှာပျံနေတဲ့ ခေါင်းမပါတဲ့ အဖြူရောင်ကိုယ်ကြီး....

အ~~အားးးးးးးးးးးးးးးး

ဗုန်း ~~~~~

ဒီလိုနဲ့ ဝမ်ရိပေါ်လေးဟာ အဝတ်ကြိုးတန်းမှာလှန်းထားတဲ့ သူ့အကျီသူ ညအမှောင်ထဲပြန်မြင်ပြီး သရဲအမှတ်နဲ့ နှလုံးလေရိုက်လို့ လဲကျသွားပါတော့တယ်။

Short Stories CollectionWhere stories live. Discover now