You are my everything (1)

4.1K 404 34
                                    

Unicode

' W 'နိုင်ငံ

အာဏာ ၊ ငွေကြေး ၊ လုပ်ပိုင်ခွင့် ဆိုတာ ဒီနိုင်ငံမှာတော့ ဘုရင်ရဲ့ခြေဖဝါးအောက်မှာသာရှိလေတယ်။ ဟုတ်ပါတယ်။ ဒီနိုင်ငံလေးက ကမ္ဘာ့မြေပုံထဲမှာရှိတဲ့ နိုင်ငံပေါင်းများစွာထဲက တစ်ခုဖြစ်ပြီး ဘုရင်ခံစနစ်ကိုလက်ရှိအချိန်အထိ့ ကျင့်သုံးနေဆဲ နိုင်ငံတစ်ခုဖြစ်တယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဘုရင်အုပ်ချုပ်တဲ့စနစ်ချုပ်ငြိမ်းပပျောက်သွားတာ နှစ်ပေါင်းတရာကျော်ရှိပြီဖြစ်ပေမဲ့ W မှာတော့ ဆက်လက်တည်မြဲနေတုန်းပါပဲ။  ဒါပေမဲ့ ဒီနိုင်ငံက ၂ခြမ်းကွဲနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဘုရင်စနစ်ကိုလက်မခံတော့တဲ့ လူ့အဖွဲ့အစည်းနဲ့ ရှေးရိုးစွဲ ဘုရင်စနစ်ကိုထောက်ခံတဲ့ အဖွဲ့အစည်းဆိုပြီးကွဲနေတာပါ။ ဒါကြောင့် W မှာ ပင်လယ်ပြာနဲ့ ပင်လယ်ဝါဆိုပြီး နှစ်နိုင်ငံထပ်ကွဲသွားပါတယ်။ W (b) က ဘုရင်အုပ်ချုပ်တဲ့စနစ်နဲ့သွားပြီး W(y) က တခြားနိုင်ငံကြီးတွေလိုပဲ သမ္မတကအုပ်ချုပ်ပါတယ်။

"အိမ်ရှေ့စံမင်းသား လာပြီ"

အော်သံနဲ့အတူ ကားပေါ်ကဆင်းလာတဲ့ အနက်ရောင် suit ဝမ်းဆက်နဲ့ ရုပ်ရည်ချောမောပြီး အရှိန်အဝါရှိတဲ့လူငယ်တယောက်က မာန်အပြည့်နဲ့ဆင်းလာလေရဲ့။ အနောက်မှာလဲ သက်တော်စောင့် ငါးယောက်ကခြံရံလို့လိုက်လာတယ်။ ဒီသက်တော်စောင့်တွေက စနစ်တကျလေ့ကျင့်ထားတဲ့ လူတွေဖြစ်ပြီး သေနတ်အစစ်ကို ကိုင်ဆောင်ခွင့်အမိန့်ရထားကြသူတွေလဲဖြစ်တယ်။ သူတို့က မင်းသားဝမ်ရိပေါ်ရဲ့ အမိန့်တစ်ခုတည်းကိုသာ နာခံပြီး မင်းသားကိုအသက်နဲ့လဲလို့ကာကွယ်စောင့်ရှောက်ဖို့ သစ္စာခံထားတဲ့အနီးကပ်လူတွေဖြစ်တယ်။

Hotel Lobby မှာရှိတဲ့ ဧည့်ကြိုမယ်လေးများက သတိအနေအထားဖြင့် ရပ်လိုက်ကြကာ အားလုံး တိတ်ဆိတ်စွာ အရိုအသေပေးလိုက်ကြတယ်။ မင်းသားဝမ်က မိန်းကလေးတိုင်းရဲ့စိတ်ကူးယဉ်အိပ်မက်ထဲက မင်းသားလေးဖြစ်တယ်။ မင်းသားကိုသာရမယ်ဆိုရင် သေပျော်ပါပြီဆိုတဲ့ အချစ်ရူးမလေးတွေလဲမနည်းဘူးရှိတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက မင်းသားကသိပ်ကိုမာနကြီးပြီးမောက်မာလွန်းတာပါပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်ကိုထက်မြက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်းအများကြီးရှိတယ်။ ဒါပေမဲ့ အရာရာပြည့်စုံလွန်းသူ မင်းမျိုးနွယ် ပီသစွာ လူတိုင်းကို မတူမတန်ဆက်ဆံတတ်တယ်။ ပြုံးရယ်တယ်ဆိုတာလဲ မမြင်ဖူးသလောက်ပင်ဖြစ်ကာ မျက်နှာထားက အမြဲကိုတင်းမာနေတတ်တယ်။

Short Stories CollectionOù les histoires vivent. Découvrez maintenant