Our Last Days (1)

3K 354 31
                                    

Unicode

XZ အမျိုးသားသီးသန့်အဆောင်

အိမ်လေးက ၂ထပ်တိုက်ပုလေးဆိုပေမဲ့ အထင်သွားသေးလို့မရဘူး။ အထဲမှာ အကန့်သေးသေးလေးတွေနဲ့ အခန်းပေါင်း ၁၀ခန်းရှိတယ်။ ပိုင်ရှင်ကတော့ လူပျိုကြီးရှောင်းကျန့် ။ အသက်က ၃၀အတိ့။ မျက်နှာထားကတည်လွန်းတာကြောင့်ရုပ်ရင့်တယ်ထင်ရပေမဲ့ အနီးကပ်သေချာကြည့်ရင် သန့်ပြန့်ပြီးကြည့်ကောင်းတဲ့လူချောလေးဆိုတာ ငြင်းလို့မရ။ အမျိုးသားသီးသန့်ဆောင်ဆိုတဲ့အတိုင်း လူအမျိုးအစားအစုံကို ထိန်းအုပ်နေရတာကြောင့်ပဲလားမသိ။ လူက အလိုလိုမျက်နှာကြောတင်းနေတော့တာ။

ရှောင်းကျန့်က မှတ်စုစာအုပ်လေးကို ဟိုခြစ်ဒီခြစ်လုပ်ပြီး လက်တစ်ဖက်ကလဲ ဂဏန်းတွက်စက်ကိုတဒေါက်ဒေါက်ခေါက်နေပြန်တယ်။

" အခန်းနံပါတ် ၈ အဆောင်လခမပေးတာ ၃လ တောင်ရှိပြီပဲ ။ ဒီဝမ်ရိပေါ်ဆိုတဲ့ကောင်စုတ်လေး ငါနဲ့တွေ့မယ် ။ ဒီတစ်ခါတောင်းလို့မပေးရင် အိမ်ပေါ်က ကန်ချပြီပဲ"

ဒေါက် ~~~ဒေါက် ~~~ဒေါက်

"ဟေ့ တံခါးဖွင့်စမ်း နံပါတ်၈ "

" ဝမ်ရိပေါ် !!! "

ဒုန်း~~~ဒုန်း

"နေဖင်ထိုးနေပြီ အိပ်တုန်းလား!!!
ထတော့ ... အမလေး ..."

လက်သီးဆုပ်လေးများဖြင့် စိတ်မရှည်စွာ တဒုန်းဒုန်းထုနေတုန်း တံခါးကဝှစ်ခနဲပွင့်သွားတယ် ။ မျက်နှာတစ်ခုလုံးမီးသွေးလိုမဲနေတဲ့ ဝမ်ရိပေါ်ကြီးကအိပ်မှုံစုံမွှားထွက်လာတာမို့ ရှောင်းကျန့်ကလန့်သွားတာ။ နဖူးထိပ်က ဆံပင်တွေကိုလဲကြက်တောင်စည်း စုပြီးစည်းထားသေးတယ်။ ဝမ်ရိပေါ်က သူ့ကိုလန့်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ထုံးစံအတိုင်း မထိခလုတ်ထိခလုတ်စတော့တယ်။

"ဘာလဲဗျာ မနက်ဆယ်နာရီပဲရှိသေးတယ်
တွေ့ချင်နေပြီလား ....ကျွန်တော့်ကိုတရက်မတွေ့ရရင်မနေနိုင် ...အားးး "

ဂွက်ခနဲခေါက်လိုက်တဲ့လက်က အားပါချက်။ အိပ်ချင်ပါပြေသွားတယ်။ လူပျိုကြီးတွေများ တယ်လဲလက်သန်ပြောင်သကိုး။ ဝမ်ရိပေါ်ကိုဒါမျိုး လုပ်ချင်ရာလုပ် ထိခွင့်ပေးထားတာ တလောကလုံးမှာ သူတစ်ယောက်ထဲရှိတယ်ဆိုတာ ဒီလူပျိုကြီးသိဟန်မတူ။ တခြားလူသာဆို ကိုင်ပေါက်လိုက်ပြီ။

Short Stories CollectionTempat cerita menjadi hidup. Temukan sekarang