Oh My Ghost (4)

2.3K 399 27
                                    

Unicode

ဒဏ်ရာတွေလာပေးတဲ့ သရဲလေးကြောင့် ဝမ်ရိပေါ်ကို အိမ်သားတွေလဲမကြည်လင်တော့ပါဘူး။

"ချစ်ဇနီးလေး ဒီကောင်ဘာဖြစ်နေတာလဲ "

"ရှင့်သားက ရည်းစားပူမိနေတာတော်ရေ"

ဝမ်မားစကားကြောင့် ဝမ်ပါးက ဟေခနဲဖြစ်သွားတယ်။

"ဘယ်သူလဲ၊ ဘယ်ရပ်ကွက်ကလဲ ၊ ဘယ်အိမ်ကလဲ၊ဘယ်ဟာမက ငါ့သားကိုပြန်မကြိုက်တာလဲ သွားတောင်းရမ်းပေးမယ်ဟေ့ ၊ ငါ့သားလေး မျက်ကွင်းတွေညိုလို့ မအိပ်နိုင်မစားနိုင်နဲ့ ငါမကြည့်ရက်ဘူး"

"ဘယ်ဟာမမှ့ မဟုတ်ဘူး ၊ ဝထ္ထုစာအုပ်ထဲက ဇာတ်ကောင်ကိုကြိုက်နေတာတော်ရေ "

"ဟေ ..."

ဟုတ်သည်လေ။ တနေ့တနေ့ စာအုပ်ကြီးရင်မှာပိုက်ပြီးငူငိုင်နေမှ့တော့ မိဘတွေလဲရိပ်မိကုန်ပြီ။ ဝမ်ရိပေါ်ကတော့ သူ့ကိုဘယ်သူတွေအတင်းပြောနေလဲ စိတ်မဝင်စားပါဘူး။ အပူကိုအတင်းနဲ့မြိုချလို့ အလုပ်ကအလုပ်ပဲမို့ gym ကိုသွားရပြန်တယ်။ မသွားလို့လဲမရတော့ဘူး။ပျက်ကွက်တဲ့ရက်တွေလဲ များပြီ။ Gym ပိုင်ရှင်မ့ မယ်ပေါင်းပု့က မောင်လေး ဖျားနေတာလား။ ကျဲကျဲအိမ်လာခဲ့ရမလား လုပ်နေပြီ။

"ရိပေါ်လေး လာပြီလား အို ပိန်သွားတာပဲ
ကြိုးစားလိုက်ပါအုမ်း ဖိုက်တင်း "

အပေါက်ဝမှာတင် ပေါင်းပု့မနဲ့တန်းတိုးပြီး ပဲနို့တဘူးလက်ဆောင်ရလိုက်တယ်။ ဆွေးနေပါတယ်ဆို ဒီအမကြီးက တမှောက်။ ဝမ်ရိပေါ်လေးဟာ ပဲနို့ဘူးလေးကိုင်လို့ အခန်းထဲဝင်လာတယ်။ ထုံးစံအတိုင်း လာ့ဆော့တဲ့လူတွေကတော့ သူ့အာရုံနဲ့သူ။ ရိပေါ်ကိုမြင်တော့ နှုတ်ဆက်တဲ့သူကလဲဆက်ပေါ့။

"ဟိုကောင် ကျန်းချန်ရော "

"ဒီနေ့အသစ် တယောက်ရောက်တယ်လေ
မင်းမလာတော့ သူပဲတာဝန်ယူသင်ပေးနေရတယ် "

ခပ်လှမ်းလှမ်းမှာကျန်းချန်ကို ပါးစပ်ဖြဲကြီးနဲ့ ရယ်နေတာကိုတွေ့တယ်။ ကျန်းချန်ရပ်စကားပြောနေတဲ့လူက အကျီနက်ပြာဝတ်ထားပြီး ရိပေါ်ကိုကျောပေးထားတယ်။ ကျန်းချန်က လက်မောင်းလေ့ကျင့်ခန်းအတွက် သင်ပြပေးနေတာဖြစ်တယ်။ ပိန်ပါးပါးကိုယ်ဟန်အနေအထားကြောင့် တော်တော် train ပေးရမဲ့လူပဲလို့ ရိပေါ်က တွေးမိလိုက်တယ်။

Short Stories Collectionحيث تعيش القصص. اكتشف الآن