Unicode
ချစ်သူဘဝ....
"မနက်ဖြန် အဖေစီစဉ်ပေးတဲ့ အိမ်ထောင်ဖက် သွားတွေ့ရမယ် "
"ကျွန်တော့်မှာ ရိပေါ်ရှိနေပြီအဖေ
မသွားနိုင်ဘူး ""မင်းငါ့ကို လွန်ဆန်နေတာလား
ရှောင်းကျန့် ""အချစ်ရေးကိုတော့ ကျွန်တော့်ဘာသာဆုံးဖြတ်ပါရစေလား။ ကျန်တာအားလုံး အဖေ့စိတ်သဘောအတိုင်း ကျွန်တော်နေပေးခဲ့တာပါ "
တောက် ~~~
"မင်းအနေအထား မင်းအဆင့်အတန်းနဲ့ကွာ ၊ ရှောင်းကျန့် မင်း တနေ့နောင်တရလိမ့်မယ် "
"ဘယ်တော့မှ နောင်တမရဘူးအဖေ"
အိမ်ထောင်သည်ဘဝ ....
" မင်း မငြီးငွေ့သေးဘူးလားရှောင်းကျန့်
အဲ့ဒီကောင်ကို ကွာလိုက်ပါတော့လို့ ငါဘယ်နှစ်ခါပြောရမလဲ ""ကျွန်တော်သူ့ကို ချစ်တယ် ၊ သူကလဲ ကျွန်တော့်ကိုချစ်တယ်လေ ။ ကျွန်တော်တို့အိမ်ထောင်ရေးက အဖေပြောခဲ့တာနဲ့တခြားစီပဲ ၊ သူအလုပ်ကြိုးစားတယ်၊ ကျွန်တော့်ကိုလဲ ပျော်အောင်ထားတယ် ။ ကျွန်တော်တို့ ကြားမှာ နားလည်မှု့တွေ အပြန်အလှန်ရှိထားပြီးသား။ သူ့ကို စွန့်လွှတ်ဖို့ ထပ်မပြောပါနဲ့။ သူ့အနားမှာ တသက်လုံး အတူရှိမယ်ဆိုတဲ့ကတိ ကျွန်တော်သူ့ကိုပေးခဲ့ပြီးပြီ "
"ကောင်းပြီ ။ ဒါဆိုလဲ မျိုးဆက်အတွက်တော့ မင်း ဒုတိယအိမ်ထောင်ပြုပေးရမယ်။ မင်းတို့လဲ ကလေးမှမရနိုင်ပဲ သူ့ဘက်က နားလည်ပေးရမှာပေါ့။ မင်းရော သားလေးတစ်ယောက်မလိုချင်ဘူးလား။ သမီးလေးဆိုရင်ရော "
"တော်ပါတော့ အဖေ ၊ ကျွန်တော် ရိပေါ်ကို သစ္စာဖောက်ပြီး အငယ်အနှောင်းထပ်ထားမှာမဟုတ်ဘူး "
"ရှောင်းကျန့် မင်း သိပ်ကိုခေါင်းမာပါလားကွ ဟမ် ! ။ မင်းငါ့ကို ဘယ်လောက်ထိ အလျော့ပေးစေချင်နေတာလဲ။ မင်းအကောင်သေမှလား အဲ့ကောင်သေမှ မင်းငါ့စကားနားထောင်တော့မှာလား !!! "
အတိတ်ဖြစ်ရပ်တွေက နှစ်တွေကြာခဲ့ပေမဲ့ မမေ့နိုင်သေး။ တသက်လုံး အမဲစက်မရှိ ဖြူစင်ခဲ့တဲ့ဘဝမှာ သားငယ်အတွက် လက်ကိုသွေးစွန်းခံခဲ့တယ်။ ဝမ်ရိပေါ်ရဲ့ကားကို ဘရိတ်ဖောက်ပြီး လုပ်ကြံဖို့ စေခိုင်းခဲ့တယ်။ ဒါပေမဲ့ ထင်မထားခဲ့တာက ဒီကားကို ရှောင်းကျန့်က ယူမောင်းသွားခဲ့လိမ့်မယ်လို့။ ကိုယ့်သားကိုယ် ပြန်သတ်မိသလိုဖြစ်ခဲ့တဲ့ ဒီအဖေကရော တရက်တောင် စိတ်ချမ်းသာခဲ့ရတဲ့ရက် မရှိခဲ့ပါဘူး။ အားလုံးက ကိုယ့်အတ္တကြောင့်မိုက်မှားခဲ့တာတွေ ။
YOU ARE READING
Short Stories Collection