Nǐ shì wǒ de (6)

2.4K 339 37
                                    

Unicode

အခန်း(၆) : နှုတ်ဆက်ခြင်း

ညတွင်းချင်း ကိစ္စအများကြီး ဖြစ်ခဲ့သလို တဖက်မှာလဲ ချစ်ရသူပေးတဲ့ဆေးတစ်ခွက်ကို သောက်ရင်း ဘာကိုမှမသိပဲ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည့် လူငယ်လေးတစ်ယောက်ရှိနေခဲ့လေတယ်။ အခြေအနေအားလုံး ဝမ်ရိပေါ်စီ သတင်းရောက်တဲ့အချိန်မှာတော့ နောက်တရက်ပင် ကူးနေခဲ့လေပြီ။

"အခု အခြေအနေဘယ်လိုရှိလဲ "

"အတတ်နိုင်ဆုံးတော့ ပြန်အဖက်ဆယ်နေကြတာပေါ့။ ရှောင်းလောင်ရှီးနဲ့ ယဲ့ဖုန်းအရင်ကချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်ဆိုတဲ့အကြောင်းတွေရောပြန့်နေတယ်။ သူတို့ဘက်က လက်ချက်ပဲဖြစ်ဖို့များတယ် "

တောက် ~~~

"ဘာဆက်လုပ်ရမလဲ boss "

"ထားလိုက် "

ဝမ်ရိပေါ်က ယဲ့ဖုန်းရဲ့ အေဂျင်စီကို တိုက်ရိုက်ပင် ဖုန်းဆက်သွယ်လိုက်တယ်။

"အဲ့ကောင်ကို ဘန်းလိုက်တော့ ..."

".............."

"ပြောတာနားလည်လား မင်းတို့ အခု ဘယ်သူ့ကိုထိဖို့လာပြီးကြိုးစားနေတာလဲ ရာရာစစ !!! "

".................."

"သောက်ပါးစပ်ကို ပိတ်ထား !!! ညစ်ပတ်တဲ့ပါးစပ်နဲ့ ... အပျော်မယား ? သူက အပျော်မဟုတ်ဘူး။ မျက်စိတမှိတ်အတွင်း တသက်လုံးကြိုးစားလာရတာတွေ အကုန်ကွယ်ပျောက်သွားချင်လို့လား "

"......."

"အသက်ရှင်ချင်သေးရင် ယဲ့ခွေးကောင်ကို ဘာမှ ဆက်ပြီး အထောက်အပံ့မပေးမိစေနဲ့ "

"သူ့ကို လက်ကမ်းပေးတဲ့ကောင် ငါ့ရဲ့ရန်သူပဲ
သဘောပေါက်တယ်မလား ၊ ဘာသတင်းမှထပ်ပြီး မကြားချင်တော့ဘူး။ ရှောင်းကျန့်ရဲ့ နာမည်အဖျားလေးကိုတောင် မညစ်နွမ်းမိစေနဲ့။ ဒါနောက်ဆုံး သတိပေးခြင်းပဲ  "

Boss Wang က သူနဲ့ရှောင်းကျန့်ရဲ့ပတ်သက်မှု့ကို ဘယ်တုန်းကမှ လူပုံအလယ်မှာ ချမပြခဲ့ဘူး။ ချမပြခဲ့ဖူးသလို ဖုံးကွယ်ထားဖို့လဲ မကြိုးစားခဲ့ဖူးဘူး။ ဒါပေမဲ့ လူတွေက သူရှောင်းကျန့်အပေါ်ထားတဲ့သဘောထားကို နားလည်မှု့လွဲနေကြပုံရတယ်။ ဒါကလဲ သူကိုယ်တိုင်လုပ်ထားခဲ့တဲ့ အကျိုးဆက်တွေပဲ။ သူနောင်တကြီးကြီးရမိတယ်။ ရှောင်းကျန့်ဟာ ဘယ်သူမှလွယ်လွယ်ထိပါးလို့ရတဲ့သူမဟုတ်ကြောင်း ဒီနေ့မှာ အားလုံးကိုသိစေမယ်။ သူ့အရိပ်အောက်က ဒီလူဟာ အချိန်တန်ရင် ကန်ထုတ်ခံရမယ်၊ ထွက်ခွာရမှာပဲလို့ ဘာလို့အားလုံးကတွေးနေကြရတာလဲ။ သူရှောင်းကျန့်ကို ဘယ်တော့မှ မစွန့်ပစ်ချင်ဘူး။ သူ့အနားမှာ တသက်လုံးထားချင်တာ။ ရိပေါ်ကိုယ်တိုင်တောင်မသိလိုက်တဲ့အချိန်မှာ ရှောင်းကျန့်ဆိုတဲ့ အကြောတင်းလေးက သူ့နှလုံးသားထဲ နေရာအပြည့်ယူထားပြီးနှင့်ပြီ။

Short Stories CollectionOpowieści tętniące życiem. Odkryj je teraz