Unicode
ဒီမှာလူကြီးမင်း !!! (Part 1)
"hello "
"ကပ်ကပ်လန် delivery service ကပါ
လူကြီးမင်းမှာထားတဲ့ ပီဇာလာပို့တာပါ""3လွှာကိုတက်ခဲ့ပါ ။ စောင့်နေပါ့မယ်"
"ဟုတ်ကဲ့"
Deli ကောင်လေး ဖုန်းချသွားတော့ ရှောင်းကျန့်က သူ့အတွင်းရေးမှူးကိုအော်ခေါ်လိုက်တယ်။ ဟိုဘက်ခန်းဒီဘက်ခန်းဆက်သွယ်တဲ့ဖုန်းက ပျက်နေလို့ အော်ခေါ်ရတာ။
"ဖန်ရှင်းး !!! ဖန်ရှင်းး ပီဇာလာပို့တယ်
ခဏနေထွက်ယူလိုက်အုမ်း ...""ဖန်ရှင်းရေ ၊ ဂျပုလေးရေ "
ဘယ်လိုအော်အော် မထူးတာမို့ ရှောင်းကျန့်က စိတ်မရှည်စွာ အပြင်ထွက်ကြည့်ဖို့လုပ်တယ်။ ဂျယ်နဲ့သေချာပုံသွင်းထားတဲ့ဆံပင်ကို လက်နဲ့ဟန်ပါပါသပ်လို့ သူ့ကိုယ်သူလဲ နံရံကမှန်မှာတချက်ရှိုးလိုက်သေးတယ်။
"စောက်ချောကြီး ! "
ကိုယ့်ကိုယ်ကို Fly kiss လှမ်းပေးလိုက်ပြီး အပြင်ရောက်တော့ ဝဲစားလေးက သွားရည်တောက်တောက်ကျလို့ အိပ်နေရှာတာ။ သနားလွန်းတာနဲ့ နဘန်တချက်ကျင်းပေးလိုက်တယ်။
ဖြောင်း ~~~
"ဟေ့ကောင် ထ့ဟ ထ့ "
မနိုးလာ .....
"နေ့လယ်စာ စားချိန်ရောက်ပြီ "
"Yes boss !!! "
ချက်ချင်းပဲဖုတ်သွင်းလိုက်သလို ဖန်ရှင်းကအသက်ဝင်လာပြီးထရပ်တယ်။
"ကျွတ်ကျွတ်ကျွတ်.... ဘယ်လိုအတွင်းရေးမှူးမျိုး
ငါခန့်ထားမိ့ပါလိမ့် ""ဘယ်သူရှိလဲ ဘယ်သူရှိလဲ
deli ဗျို့ deli ..... ""အာ သူ့ကိုမေ့တော့မလို့ ...
လာပြီ လာပြီ "ရှောင်းကျန့်က ရုံးခန်းတံခါးကိုဖွင့်လို့ အပြင်ထွက်လိုက်တယ်။ သူကခြေတံရှည်သလို ခြေလှမ်းလဲကျယ်တော့ သွားတာလာတာမြန်တယ်။ အရပ်ရှည်တယ်ဆိုတာလဲ ဘုရားပေးတဲ့အားသာချက်ပဲ။ ရုပ်ချောနေတာကတော့ ထားလိုက်ပါတော့။
YOU ARE READING
Short Stories Collection